Wednesday, February 8, 2012

မြင့်မြတ်သာစွ လူ့ဘဝ

လူသည် အခြားသတ္တဝါများထက် မြင့်မြတ်သာလွန်သည်ဟုဆို၏။ သို့သော် မြင့်မြတ်သာလွန်သည့် အရည်အသွေးများ မရှိလျှင် စား,နေ,အိပ်,ကာမကုန်အတွက်မျှလောက်သာ နားလည်သည့်သတ္တဝါများ၏ အခြေနေထက် ထူးခြား လိမ့်မည်မဟုတ်။ အခြေခံ လိုအပ်ချက်များဖြစ်ကြသည့် စားဝတ်နေရေးကိစ္စများနှင့်သာ အချိန်ကို ကုန်လွန်နေစေမည်ဆိုလျှင် ကျွန်ုပ်တို့ကိုယ်တိုင်ကို လူသားဟု ဖော်ပြရန်မှာ ရှက်ဖွယ်ပင်ကောင်းလှပေ၏။ စင်စစ်အားဖြင့် လူတွင် အမှန်တရားကို စူစမ်းရှာဖွေနိုင်သည့် စွမ်းရည် သတ္တိရှိပါသည်။ဗုဒ္ဓဘာသာမှာ ဤ အမှန်တရားကို ဓမ္မဟုခေါ်သည်။ တခြားသော သတ္တဝါများသည် အမှန်တရားကို (ဝါ)ဓမ္မကို နားလည်နိုင်သောစွမ်ရည်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် ဤစင်္ကြာဝဠာမှာ လူသား၏ အသိဥာဏ် သည် အခြားသောသတ္တဝါများ၏ အသိဥာဏ်ထက် သာလွန်သော အရည်သွေးရှိသောကြောင့် ဖြစ်သည်။ လူ သား၏ စိတ်ဓာတ်သည်သာလျှင် အမှန်တရားကို နားလည်နိုင်စွမ်းရှိသည်။

လူသားများသည် ဤစင်္ကြဝဠာမှာ ခက်ခဲနက်နဲလှစွာသော ဘာသာရေး လူမှုရေး အစရှိသည်ကို စနစ်တကျ
စဉ်းစားတွေးခေါ်တတ်သော တစ်ခုတည်းသော သတ္တဝါပင်ဖြစ်သည်။ လူသား၏စွမ်းရည်ကို အတိကျ တိုင်းတာနိုင်သော ခေတ်မှီပစ္စည်းဟူ၍ ယနေ့ထိ မရှိသေးသည်ကို တွေ့ရသည်။ လူသားစွမ်းရည်ကို အတိကျတိုင်းတာ၍ မရခြင်းသည်ပင် လူသားများ၏ ထူးခြားချက် တစ်ခုဖြစ်သည်။

လူသားများသည် ရှေးပဝေသဏီကတည်းက မိမိတို့၏ အခက်ခဲများကို ကျော်လွှားနိုင်ရန်နှင့် လိုအပ်သော အောင်မြင်မှုများကိုရရှိရန် မိမိတို့ ယုံကြည်သည့်အတိုင်း အားကိုးဖွယ်ရာကို ရှာကြသည်။ ထိုသို့ ယုံကြည်ရာကို
ကိုးကွယ်ကြရင်း ဘာသားတရားများ ပေါ်ထွန်းလာသည်။ နတ်ပြည် ဗြာဟ္မာပြည်မှာတောင် ဘာသာတရား ပေါ်ထွန်းခြင်းမရှိဟု စာပေများက ဖေါ်ပြထားသည်။

တခါတရံမှာ လူအချို့သည် နတ် ဗြာဟ္မာများအား သူတို့နာမည်ကို ထုတ်ဖေါ်ပြီး ပူဇော်ပသကြသည်။ သို့သော်လည်း လူသားများ၏ ပင်ကိုယ်တွေးခေါ်မှု စွမ်းရည်သည် ၄င်းနတ်ဗြာဟ္မာများထက် သာလွန်ကြောင်း
နားလည်သင့်ပေသည်။ အဘယ်ကြောင့်နည်း။ ဗုဒ္ဓဘာသာ ရှုထောင့်က ဖြေရလျှင် နတ် ဗြာဟ္မာ တစ်ယောက်သော်မှ သဗ္ဗညုတဥာဏ်ရှင် ဘုရားဖြစ်ခြင်း မရှိသောကြောင့်ပင်။

အမြင့်ဆုံး အနေအထားသို့ရောက်ရန် လူ့အသိဥာဏ်ကို မြှင့်တင်နိုင်သည့်စွမ်းရည်သည် လူမှာသာ ရှိသောကြောင့် လူသတ္တဝါသည်သာလျှင် သဗ္ဗညုတဥာဏ်ကို ရနိုင်သည်။

ဤဓမ္မ အသိတရားကို ဖြန့်ဖြူးလျက် လူသည် သူ၏ ကာလရှည်ကြာနေရခြင်းကို နားလည်ရန်နှင့် မြင့်မြတ်သူ လေးစားထိုက်သူဖြစ်ရန် ဖန်တီးနိုင်သည်။ လုပ်ဆောင်ချက်များကို ပုံသေတွက်ချက်နိုင်ရန် ကြိုးစားကြသည်။

အတိတ်ကာလကရော မျက်မှောခေတ်မှာပါ တွေးခေါ်ပညာရှင်များသည် လူသားများအတွက် အဓိကမေးခွန်းသုံခုကို လေးနက်စွာ စဉ်းစားခဲ့ကြသည်။
(၁) Who am I? ငါဘယ်သူလဲ။
(၂) What am I doing here? ငါဒီမှာ ဘာလုပ်နေတာလဲ။
(၃) Am I needed ? ဒီမှာ ငါ့ကို လိုအပ်မှုရှိပါသလား။ ဒီလောက ဒီအသိုင်းဝိုင်းက ငါ့ကို အလေးထားပါသလား။ လူသားများ အဓိပ္ပါယ်ရှိစွာ ရပ်တည်မှုအတွက် ဤမေးခွန်း သုံးခု၏အဖြေက အခြေခံဖြစ်သည်။

ဤအခြေခံ သဘောများကိုပင် ဘဝ၏ ရေးကြီးသော အချက်ဟု ကျွန်ုပ်တို့ပြောကြသည်။ ၄င်းအပြင် လူသားနှင့်ဆိုင်သော အခြေခံ စည်းမျဉ်းသဘောတရားဆိုတာ ဘာလဲ? ဘယ်အရာလဲ? ဤမေးခွန်းကို ဖြေဆိုရန် “human”လူ ဟူသော ဝေါဟာရ စကားလုံး၏ အဓိပ္ပါယ်က ဘာလဲဟု မိမိကိုယ်တိုင်
ကိုယ့်ကိုယ်ကို ရှေးဦးစွာ ပြန်လည်းမေးခွန်းထုတ်ရမည်။

ပါဠိ Pali ဘာသာနှင့် သက္ကဋ Sanskrit ဘာသာမှာ Human ဟူသော ဝေါဟာရကို ညွှန်ပြရန် မနုဿ=
manussa (သို့မဟုတ်) manusya ဟူသော စကားလုံးကိုသုံးကြသည်။ ယင်း manussa (သို့) manusya ဟူသော စကားလုံးသည် အလွန် အဓိပ္ပါယ်စုံသော စကားလုံးဖြစ်သည်၊၊ ဤအကြောင်းအရာနှင့် ဆက်စပ်၍ အင်္ဂလိပ် ဝေါဟာရ လူ manဟူသော စကားလုံးသည် စဉ်းစားခြင်းအဓိပ္ပါယ်ကို ဆောင်သော manu ဟူသော Sanskrit ဘာသာမှ ဆင့်ပွားလားခြင်းဟုဆိုသည်။

လူများသည် ၄င်းတို့၏ ရှုပ်ထွေးလှစွာသော အဆင့်အတန်း အခြေအနေ အရပ်ရပ်အပေါ် သင့်မြတ်သော
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများကို ဖြစ်ပေါ်စေတတ်သည်။ ယင်းသို့သော သတ္တဝါများကိုသာ မနုဿ =manussa (human)လူဟု ခေါ်ဝေါ်အပ်သည်။ လူ Manဟူသော စကားလုံးသည် (စိတ်)Mana ဟူသော ပါဠိ ဘာသာမှ ဆင်းသက်လားခြင်းဟု ဆိုသည်။ ထို့ကြောင့် တွေးခေါ်စဉ်းစားတတ်သူကို လူ ဟု ခေါ်သည်၊။ ( One who has a mind to think is called Man)

ဤနေရာ၌ ဆက်စပ်၍ ပါဠိ ဆရာများက- ကုသလာကုသလံ မနတိ ဇာနာတီတိ မနုေဿာ = အကောင်း အဆိုး ကုသိုလ် အကုသိုလ်ကို ပိုင်းခြားသိတတ်သောကြောင့် လူ။

ကရာဏာကရဏံ မနတိ ဇာနာတီတိ မနုေဿာ= အကြောင်း ဟုတ် / မဟုတ် (ဝါ) ပြုသင့်/မပြုသင့်ကို သိတတ်သောကြောင့်လူ။

အတ္ထာနတ္ထံ မနတိ ဇာနာတီတိ မနုေဿာ = အကျိုး ရှိ /မ ရှိ ကို ပိုင်းခြား သိတတ်သောကြောင့် လူ စသည်ဖြင့် အဓိပ္ပါယ် များစွာ ဖွင့်ဆိုကြ၏။
တခြားသောသတ္တဝါများထက် သာလွန် မြင့်မြတ်သော အသိဥာဏ်နှင့် လူသားများသည် မိမိဖြစ်လိုရာ၊ေ၇ွးချယ်ရာမှန်သမျှကို လက်တွေ့ လုပ်ဆောင်တတ်သည်။

“အကြင်နာတရားများနှင့် ပေါင်းစပ်ထားသော နှလုံးသားရှိသူသည် လူ” ဟု တရုတ်များက အဓိပ္ပါယ် ဖွင့်ဆိုသေး၏။ လူ့ နှလုံးသားမှာ အကြင်နာတရားနှင့် ရိုးသား မှုဆိုတာ ရှိပါတယ်။ အကယ်၍ ၄င်း အရည်သွေး နှစ်မျိုးသာ မရှိခဲ့လျှင် လူဟု ခေါ်ဆိုရန် သင့်လျှော်မည်မဟုတ်ပေ။

အနောက်တိုင်းတွေးခေါ်ရှင်များက လူကို မိမိတို့၏ အာရုံနှင့် အကြောင်းအကျိုးဆီလျှော်စွာ သုံးတတ်သူ ဟု ကောက်ချက် ချကြသည်။ လူသားများသည် သူတို့၏ ပြုမူဆောင်ရွက်စရာများကို အကြောင်းအကျိုး ဆီလျှော်စွာပြုလုပ်တတ်သော တစ်ခုတည်းသော သတ္တဝါဖြစ်၏။

အခြားသော သတ္တဝါများသည် သူတို့၏ သဘာဝ အသိဥာဏ် အတိုင်းသာ ပုံသေ အသက်ရှင်နေနေ တတ်၏။
ပျော်ရွင်တတ်ကြ၏။ လူသားများသည် အန္တယ်ကြားမှ လွတ်မြောက်ရန် လုပ်တတ်၏။ စိတ်ဓာတ်ကို မကောင်းသောအတွေးခေါ်များမှ ရှောင်လွှဲပြီး ကောင်းမွန်သော ဂုဏ်တရားများကို ကြိမ်ဖန်များစွာ ပွားများသော အခါ ငြိမ်းချမ်းမှုကို ရနိုင်သည်။ ငြိမ်းအေးသောစိတ်သည် စိတ်၏စင်ကြယ်ခြင်း စိတ္တဝိသုဒ္ဓိကို ဖြစ်စေသည်။

နန္ဒ (ဆွေသဟာ)- မဂဓတက္ကသိုလ်
Dr.K.Sri Dhammarnada ၏ superiority of human life ကို စကားညှပ် တန်ဆာပြီး ဘာသာပြန်ဆိုပါသည်။

အပြည့်အစုံသို့

Friday, April 15, 2011

သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း…

သမ္မာအာဇီဝဟူသော စကားကို ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။ ကြားလည်း ကြားဖူးကြသကဲ့သို့ အသုံးပြု ပြောဆိုမှုများလည်း ရှိနေကြ၏။ ထိုစကား၏ တိုက်ရိုက်အဓိပ္ပါယ်ကို ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှုဟု နားလည်ထားနိုင်၏။ မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေကာ အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေအသက်မွေးမှုမျိုးကို သမ္မာအာဇီဝဟု ဆိုခြင်းဖြစ်၏။ အလွယ်ဆိုသော် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝပင် ဖြစ်၏။ သို့ဆိုလျင် ဗုဒ္ဓဘာသာများ အနေဖြင့် မိမိတို့ ပြောဆိုအသုံးပြုနေကြသကဲ့သို့ မိမိတို့၏ အသက်မွေးမှုများသည် မှန်ကန်သည့် အသက်မွေးမှု သမ္မာအာဇီဝ ဖြစ်မဖြစ်ကို သိရှိရန် လိုအပ်လှ၏။ ထိုသို့ သိရှိနိုင်ရန် မှားယွင်းသည့် အသက်မွေးမှုများဖြစ်သည့် မိစ္ဆာဇီဝအမှုများကို ရှေးဦးစွာ နားလည်ထားရန် လိုအပ်ပြီး ထိုမိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်မည့်အချက်ကို သတိပြုရမည် ဖြစ်၏။
.စာပေအဖွင့်များအရ မုဆိုး၊ တံငါ အလုပ်များဖြင့် သူ့အသက်ကို သတ်ဖြတ်ကာ အသက်မွေးရသည့် ပါဏာတိပါတမှု၊ သူခိုး၊ ဓားပြလုပ်၍ ပစ္စည်းရှာဖွေရသော အဒိန္နာဒါနမှု၊ သူတပါး၏ ပစ္စည်းဥစ္စာကိုယူ၍ ကာမဂုဏ်ဖျက်စီးရသော ကာမမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ ဖြစ်စေ၊ လိမ်လည်လှည့်ပတ် ရောင်းဝယ်၍ဖြစ်စေ ပစ္စည်းဥစ္စာ ရှာဖွေရသော မုသာဝါဒမှု၊ ပစ္စည်းဥစ္စာရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြော လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မှားယွင်းသည့် အသက်မွေးမှု မိစ္ဆာဇီဝများပင် ဖြစ်၏။ ဤအမှုများသည် သီလသိက္ခာပုဒ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိစ္ဆာဇီဝ အမှုများဖြစ်၏။

အထက်ပါ မိစ္ဆာဇီဝအမှုများအပြင် ဓားလှံသေနတ် ပိုက်ကွန်စသည့် လက်နက်များ ရောင်းချမှု၊ လူသတ္တဝါကို သွေးဆောင်ခေါ်ယူကာ ကျွန်အဖြစ်၊ ပြည်တန်ဆာအဖြစ် ရောင်းချသည့် လူကုန်ကူးမှု၊ နွားကျွဲဝက်ဆိတ် ကြက်ငှက်စသည်တို့ကို မွေးမြူ၍ သတ်ဖြတ်ရောင်းချမှု၊ ထန်းရည်အရက်ဘိန်းစသည့် မူးယဇ်ဆေးဝါး ရောင်းချမှု၊ သတ္တဝါကို သေစေနိုင်သည့် အဆိပ်စသည် ရောင်းချမှုများသည်လည်း မိစ္ဆာဇီဝအမှုများပင် ဖြစ်၏။ ထို့အပြင် မြင်းလောင်းနွားလောင်း ကျွဲတိုက်၊ ကြက်တိုက်ဖဲရိုက်ကာ လောင်းကစား အမှုများဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများသည်လည်း မိစ္ဆာဇီဝအမှုများတွင် အကျုံးဝင်၏။

ဖော်ပြပါ မိစ္ဆာဇီဝအမှုများမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိလာသည့် ပစ္စည်းဥစ္စာများကို ဓမ္မိယလဒ္ဓ ပစ္စည်း (ဓမ္မိယ - တရားနှင့်လျော်စွာ၊ လဒ္ဓ - ရအပ်သော ပစ္စည်း) ဟု ခေါ်၏။ ဥပမာ အထက်ပါ အလုပ်များမှကင်းသည့် မိဘစသူတို့ထံမှ ရရှိသော အမွေအနှစ်ပစ္စည်းများ၊ ကူလီ၊ ဝန်ထမ်း၊ စာရေးစာချီ၊ ကျောင်းဆရာ၊ လယ်ယာ စသည်လုပ်၍ ရအပ်သော ပစ္စည်းများ၊ မတရားအတိုးချခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးမျှဖြင့် အတိုးအပွားချ၍ ရအပ်သော ပစ္စည်းများ စသည်တို့သည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းများပင် ဖြစ်၏။ ထိုဓမ္မိယလဒ္ဓ ပစ္စည်းများဖြင့် အသက်မွေးမှုသည် သမ္မာအာဇီဝဖြင့် အသက်မွေးမှုများပင် ဖြစ်၏။

သို့ဆိုလျင် ယနေ့ခေတ် ငွေတိုးပေးနေကြသူများ၊ ပစ္စည်းယူ၍ ငွေတိုးချေးသူများ၊ ကုန်သည်ပွဲစား လုပ်နေကြသူများ၊ ဘဏ်တွင်အပ်နှံကာ အတိုးကိုသာ ထိုင်စားနေကြသူများ စသူစသူများ၏ အသက်မွေးမှုများနှင့် ပတ်သက်၍လည်း ထိုသူများ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်မဖြစ် မေးစရာ ရှိလာပေ၏။ မေးလည်းမေးဖူးကြ၏။ ထိုအမေးအတွက်ကား ပညာရှင်များ၏ အဖြေသည် အမျိုးမျိုး ဖြစ်နိုင်သော်လည်း သီလ၊ သမာဓိ ပညာ ပြည့်စုံတော်မူသည့် ဆရာတော်ကြီး အတော်များများကား မတရားလိုချင်မှု ဝိသမလောဘမျိုး မဖြစ်လျှင် သမ္မာအာဇီဝဖြစ်ကြောင်း ဖြေဆိုတော်မူကြ၏။ မှန်၏။ ပုထုဇဉ်သဘာဝ လောဘသည် ရှိနေကြမည်သာ ဖြစ်၏။ လောဘသည် ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်နိုင်မည်ဖြစ်၏။ ထိုလောဘရှိနေသည့် ပုထုဇဉ်များ အနေဖြင့် အသက်မွေးဝမ်းကျောင်း အမှုများတွင် လောဘဖြင့်ရှာနေခြင်းများလည်း ရှိနေကြမည်သာ ဖြစ်၏။ ထိုလောဘသည် “ဘယ်သူသေသေ၊ ငတေမာပြီးရော” ဆိုသည့် မတရား ရယူမှု လောဘမျိုး မဖြစ်ရန်သာ အရေးကြီး၏။ သူ့ဘက်ကိုယ့်ဘက် သင့်လျော်သည့် ငဲ့ကွက်မှုမျိုးဖြင့် ရောင်းဝယ်ဖောက်ကား၊ ချေးငှါးမှုများမှာကား မတရား ဖိနှိပ်မှုမျိုး၊ နိုင်ထက်စီးနင်းပြုမှုမျိုး၊ မတော်မတရား အတိုးယူမှုမျိုး စသည် မဟုတ်သဖြင့် မိစ္ဆာဇီဝအမှုဟု မဆိုနိုင်ပေ။

ငွေးတိုးချေးသူများ၊ ဘဏ်တွင်အပ်နှံ၍ အတိုးစားနေသူများတွင် အစိုးရဘဏ်၊ အစိုးရအသိအမှတ်ပြု ဘဏ်တွင်အပ်နှံကာ ထိုအတိုးဖြင့် နေသူများမှာ မတရားသဖြင့် အတိုးရယူမှုမျိုး မဟုတ်သဖြင့် မိစ္ဆာဇီဝ မဖြစ်ဟု ဆိုရမည်ဖြစ်ပြီး အပြင်တွင် ငွေတိုးချေးသူများ အနေဖြင့်ကား မတရားအတိုးယူမှုမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးနှုန်းဖြင့် ချေးငှါးသူလည်း အဆင်ပြေ၊ မိမိလည်း အဆင်ပြေသည့် သဘောမျိုးဖြစ်ပါက မိစ္ဆာဇီဝ မဖြစ်ဟု ဆိုနိုင်သော်လည်း မတရား အဆမတန် အတိုးနှုန်းဖြင့် အဆမတန် အနိုင်အထက်ပြု၍ ချေးငှါးလျှင်ကား မိစ္ဆာဇီဝ ဖြစ်နိုင်ပြီး ထိုသူတို့၏ အသက်မွေးမှုသည်လည်း သမ္မာအာဇီဝ မဖြစ်ဟု ဆိုနိုင်မည် ဖြစ်၏။

ကုန်သည်ပွဲစား အလုပ်များတွင်ကား သမ္မာအာဇီဝ ဖြစ်မဖြစ် အထူးသတိပြုဖွယ် အချက်များရှိ၏။ ယနေ့ခေတ် ကုန်သည်ပွဲစားများသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုမှုများဖြင့် အမျိုးမျိုး လိမ်ညာလှည့်ဖြားကာ မတရား ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် မိစ္ဆာဇီဝ အမှုများ ဖြစ်နေသည်က များနေကြ၏။ မုသာဝါဒအမှုများ၊ ဝိသမလောဘ အမှုများဖြင့် မတရား စီးပွားရှာမှုများ ရှိနေသဖြင့် ထိုသူအချို့၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်ရန်ခဲယင်းလှပေ၏။ သို့သော် အချို့ကား မတရား လိုချင်မှုများကိုရှောင်ကာ မှန်ကန်သည့် အကျိုးဆောင်မှုများ၊ မှန်ကန်သည့် ဈေးနှုန်းများဖြင့် သင့်လျော်သည့် အမြတ်အစွန်းဖြင့် အသက်မွေးလေ့ ရှိတတ်၏။ ထိုသို့သော သူများ၏ အသက်မွေးမျိုးကိုကား သမ္မာအာဇီဝကျသည့် အသက်မွေးမှုဟု ဆိုလိုက ဆိုနိုင်ပေ၏။ ယနေ့ခေတ်တွင် ထိုသို့သော ကုန်သည်ပွဲစားများ မရှိသလောက် ရှားနေနိုင်သော်လည်း အနည်းငယ်မှာ ရှိနေနိုင်သဖြင့် ထိုအနည်းငယ်ကို ရည်ရွယ်ကာ သမ္မာအာဇီဝဖြစ်နိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

တရားသဖြင့် ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းဖြင့် အသက်မွေးခြင်းကို သမ္မာအာဇီဝဟု ဆိုသဖြင့် အချို့က သိနားလည်သည့် အချိန်တွင် မိစ္ဆာဇီဝအလုပ်များကို ရှောင်ကြဉ်ကာ သမ္မာအာဇီဝဖြင့် အသက်မွေးမှု ပြုနေသော်လည်း မသိနားမလည်ခင်က မိစ္ဆာအမှုများဖြင့် ရှာဖွေထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင် အသုံးပြုမှုများကား ရှိနေသဖြင့် ထိုပစ္စည်းများဖြင့် အသက်မွေးမှုများသည် သမ္မာအာဇီဝ ဖြစ်မဖြစ် သံသယ ဝင်တတ်ကြ၏။ စာပေအဖွင့်များတွင် ထိုအတွက် သမ္မာအာဇီဝကို သုတ္တန်အလို သမ္မာအာဇီဝနှင့် အဘိဓမ္မာအလို သမ္မာအာဇီဝဟူ၍ နှစ်မျိုးနှစ်စား နားလည်ထားနိုင်ကြောင်း ဖွင့်ပြ၏။ တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက်သုံးစွဲခြင်း၊ တရားလမ်းအတိုင်း ပစ္စည်းရှာဖွေခြင်းမျိုးသည် သုတ္တန်အလို သမ္မာအာဇီဝဖြစ်ပြီး မတရားသဖြင့် ပစ္စည်းရရန် အခွင့်ကြုံလာသော်လည်း ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေခြင်းသည် အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်၏။ ထို့ကြောင့် မသိနားမလည်ခင်က မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများကို သုံးစွဲနေသော်လည်း နားလည်သဘောပေါက်လာသည့်အခါ ထိုကဲ့သို့ မတရားအမှုများကို ရှောင်ကြဉ်နေလျှင် အဘိဓမ္မာအလို သမ္မာအာဇိဝ ဖြစ်နိုင်သေးကြောင်း ဆိုခြင်းဖြစ်၏။ ထိုမတရားသဖြင့် ရခဲ့သည့် ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ဘဲ အသုံးပြုနေမှု ရှိသော်လည်း နောက်ထပ် မလုပ်ဘဲ ရှောင်ကြဉ်မှုကို ဒီနေရာမှာ အဘိဓမ္မာအလို သမ္မာအာဇီဝ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်၏။

ဆိုလိုသည်မှာ မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံလာသည့် မတရား ပစ္စည်းဥစ္စာရှာဖွေမှုမျိုးကို ရှောင်ကြဉ်နိုင်လျှင်ကား အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်နေနိုင်သဖြင့် သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်သော်လည်း အဘိဓမ္မာ သမ္မာအာဇီဝဖြစ်အောင် နောက်ထပ်မတရား ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရန် ဆိုလိုရင်း ဖြစ်၏။ ဤသဘောအရ သမ္မာအာဇီဝ နှစ်မျိုးတွင် တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများဖြင့် အသက်မွေးလေ့ရှိသည့် သုတ္တန်အလို သမ္မာအာဇီဝမျိုးနှင့် နောက်ထပ်မိစ္ဆာဇီဝအမှုကို မပြုတော့သော်လည်း မသိနားမလည်ခင်က ရရှိထားသည့် မိစ္ဆာဇီဝပစ္စည်းများကို သုံးစွဲ၍ အသက်မွေးလေ့ရှိသည့် အဘိဓမ္မာအလို သမ္မာအာဇီဝမျိုးတို့၏ အကျိုးသက်ရောက်မှု ကွာခြားချက်ကား ရှိနေနိုင်၏။ အထူးသဖြင့် အလှူဒါန ပြုမှုမျိုးတွင် အကျိုးပေးမှု ကွာခြားချက်များ ရှိနေ၏။ ဓမ္မိယလဒ္ဓပစ္စည်းများဖြင့် အလှူဒါနပြုသူသည် အကျိုးတရားအပြည့်အဝ ရရှိနိုင်သော်လည်း မိစ္ဆာဇီဝဖြင့် ရအပ်သော ပစ္စည်းများဖြင့် အလှူဒါနပြုသူများကား အကျိုးတရား အပြည့်အဝ မရရှိနိုင်ပေ။ သို့သော် မတရားသဖြင့် ရအပ်သော ပစ္စည်းဝတ္ထုဖြင့် အလှူဒါနပြုသည့်အခါ အကျိုးတရား တစ်စုံတစ်ခုမျှ မရနိုင်ဟုကား မမှတ်အပ်ပေ။ အကျိုးတရား အပြည့်အဝသာ မရနိုင်ခြင်းဖြစ်၏။ ထိုက်သင့်သည့် အကျိုးသက်ရောက်မှုကား ရရှိနိုင်သည်သာ ဖြစ်ပါ၏။

ဓမ္မိယလဒ္ဓပစ္စည်း၏ အကျိုးကြီးမှုနှင့် ပတ်သက်၍ တစ်ခါတရံ စာရေးသူအနေဖြင့် သူများနိုင်ငံ စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ် လုပ်နေကြသည့် စာရေးသူ ပတ်ဝန်းကျင်ရှိ မြန်မာဒကာဒကမများအား “အခုလို ကိုယ့်အားနဲ့ရင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လုပ်အားခနဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို အလကား အချည်းနှီးဖြစ်အောင် မလုပ်ကြဘဲ ဘဝရှေးရေးအတွက် စုလည်းစု၊ သံသရာရေးအတွက် အကျိုးကြီးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း များများလုပ်ကြ” ဟု တိုက်တွန်းပေးရခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားရှိ ကားစက်ရုံ၊ ပလစတစ်စက်ရုံ၊ ချည်စက်ရုံစသည့် စက်ရုံအလုပ်ရုံများတွင် လုပ်နေရသည့် သူတို့၏ ပစ္စည်းဥစ္စာရှာဖွေမှုသည် သူများအောက်ကျို့ကာ သူများအခိုင်းခံများ ဖြစ်နေကြသော်လည်း မည်သူကိုမျှ မထိခိုက်သည့် တရားသဖြင့် အသက်မွေးရသည့် အစစ်အမှန် သမ္မာအာဇီဝ အလုပ်မျိုး ဖြစ်နေခြင်းကြောင့် ဖြစ်ပါ၏။

အထက်တွင်ဖော်ပြခဲ့သည့် သမ္မာအာဇီဝဆိုင်ရာ ဆွေးနွေးချက်များအရ ယနေ့ခေတ်အခြေအနေတွင် သမ္မာအာဇီဝဖြင့် အသက်မွေးရန်မှာ အလွန်မလွယ်လှသည့် အခြေအနေမျိုး ဖြစ်နေပေ၏။ သို့သော် မလွယ်သည်ကားမဟုတ်၊ မလိုက်နာနိုင်ကြခြင်းသာ ဖြစ်ပါ၏။ သီလသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ကာ စီးပွားရှာရသည့် မိစ္ဆာဇီဝအမှုများကို ရှောင်ကြဉ်ကာ မတရားလိုချင်သည့် ဝိသမလောဘမျိုးကို အတတ်နိုင်ဆုံး သတိဖြင့် ထိန်းချုပ်ပြီး သင့်လျော်သည့် အသက်မွေးမှုမျိုးကို ပြုနိုင်လျှင် အကြီးအကျယ် မချမ်းသာသော်လည်း သမ္မာအာဇီဝကျကျ အသက်မွေးမှုမျိုးကား ဖြစ်နိုင်ပေ၏။ မိမိတို့၏ စောင့်ထိန်းမှု၊ ထိန်းချုပ်မှု၊ တစ်ဘဝတစ်နပ်စာအတွက် မကြည့်မှုများ အပေါ်တွင်သာ တည်မှီနေပေတော့၏။

အချုပ်ပြောလိုသည်မှာ နေရသည့် ဘဝအခိုက်တွင် အသက်မွေးဝမ်းကျောင်းမှုများနှင့် ပတ်သက်၍ တစ်ဘဝတစ်နပ်စာ ကောင်းစားရေးကိုကြည့်ပြီး မိစ္ဆာဇီဝ အလုပ်များဖြင့် အသက်မွေးရသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုများကို ရှောင်ကြဉ်ကာ မတရား လိုချင်သည့် ဝိသမလောဘမျိုး မဟုတ်သည့် ကောင်းရောင်းကောင်းဝယ် တရားသဖြင့် အသက်မွေးမှုများကိုသာ ကြိုးစားအားထုတ်ခြင်းဖြင့် သမ္မာအာဇီဝကျသည့် အသက်မွေးမှုအဖြစ် ရွေးချယ်သင့်ကြောင်း၊ မိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်ကာ သမ္မာအာဇီဝကျသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးဖြင့် မိမိတို့၏ နေရသည့် ဘဝအခိုက်ကို မှန်ကန်သည့် အသက်မွေးမျိုးဖြစ်အောင် ကြိုးစားအားထုတ်သင့်ကြောင်း စသည်ဖြင့် ပြောလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အသက်ရှင်နေသမျှ အသက်မွေးဝမ်းကျောင်း ကိစ္စကို ပြုနေကြရမည့် လောကဘုံသားများ အနေဖြင့် မိမိတို့၏ အခိုက်အတံ့ အသက်ရှင် နေထိုင်ရေးအတွက် မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေးခြင်းဟုဆိုသော မိစ္ဆာဇီဝ အမှုများကို တဒင်္ဂအဆင်ပြေရေးကိုသာကြည့်၍ အလွယ်တကူ အသက်မွေးမှု မပြုသင့်ဘဲ ထိုမိစ္ဆာဇီဝ အမှုများမှ ရှောင်ကြဉ်ကာ ပစ္စုပ္ပန်တွင် အကြီးအကျယ် မချမ်းသာသော်လည်း သံသရာတွင် ချမ်းသာစေမည့် မိမိသူတပါး မထိခိုက်သည့် အပြစ်ကင်းသည့် မှန်ကန်သည့် သမ္မာအာဇီဝ အမှုများဖြင့်သာ အသက်မွေးမှု ပြုလုပ်သင့်ကြောင်း အသိစကားပါးရင်း ကျင့်နိုင်သူများ ကျင့်ကြံနိုင်ကြစေ၊ သိလိုသူများ သိရှိနိုင်ကြစေရန် စေတနာမှန်ဖြင့် သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မှတ်ချက်။ ။ စီးဘောက်စ်တွင် တောင်းဆိုထားသည့် ဒကာဇော်လင်း၏ တောင်းဆိုချက်အရ မဟာဂန္ဓာရုံဆရတော် ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်ပါ မိစ္ဆာဇီဝအဖွင့်ကို ကိုးကား၍ ရိုးသားစွာ တင်ပြအပ်ပါသည်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 10:43 AM
http://www.venvicitta.com/2011/04/blog-post_07.html
စုစည်းထားမှု = ဓမ္မရသစာစုများ .

အပြည့်အစုံသို့

ဗိမ္မိသာရနှင့် အဇာတသတ် ဇာတ်တော်

သားသမီးတွေဟာ ငယ်ရွယ်စဉ်အခါကာလက မိဘတွေရဲ့ သားသမီးတွေပါပဲ ချစ်စရာလည်း အလွန်
ကောင်းခဲ့ပါတယ်။ ဒါပေမယ့် (ငယ်သောက သား၊ ကြီးတော့ ကျား) ဆိုတဲ့ အတိုင်းပါပဲ ကြီးပြင်းလာတဲ့အခါမှာ မိဘနှစ်ပါးအတွက်အန္တရာယ်ကြီးသလိုကြောက်စရာလည်းကောင်းလာတတ်ပါတယ်။ စာရှု့သူများသိကြသည့်အတိုင်း အဇာတသတ်ဇာတ်ကိုပဲ လေ့လာကြည့်မည်ဆိုလျှင် -
. ဗိမ္မိသာရဘုရင်ကြီးရဲ့ မိဖုရားခေါင်ကြီးဟာ သားတော်လေးတစ်ပါး၏ ကိုယ်ဝန်ကိုလွယ်ထားရပါတော့တယ်။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးဟာ ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့သဘာဝအတိုင်း (ချဉ်ခြင်းတပ်မက်တဲ့)အာသာဆန္ဒ
တွေ ဖြစ်လာပါတယ်။ သာမန်လူတွေကတော့ အချဉ်စားချင်တာ၊ အစပ်စားချင်တာ၊ အစိမ့်စားချင်တာ၊ ဆေးလိပ်
ပြာလျက်ချင်တာ စသဖြင့် ချဉ်ခြင်းတပ်မက်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။ဗိမ္မိသာရဘုရင်ကြီးရဲ့မိဖုရားခေါင်ကြီး
ကတော့ထိုကဲ့သို့မဟုတ်ပါဘဲလင်ယောက်ျားဖြစ်တဲ့ဗိမ္မိသာရဘုရင်ကြီးရဲ့ညာဘက်လက်မောင်းသွေးကိုဖောက်၍ သောက်ချင်ပါတယ်။ အဲ့ဒီအာသီသ ချဉ်ခြင်းတပ်မက်ခြင်းကို ဘုရင်မင်းမြတ်ကြီးကလည်း လိုက်လျောစွာဖောက်
တိုက်ခဲ့ပါတော့တယ်။
အဲ့ဒီဖြစ်စဉ်ဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ဒီဖြစ်ရပ်ကိုနန်တော်အတွင်း ပညာရှိအမတ်တွေ၊ ပုရောဟိတ်တွေ သိသွား ကြလေတော့ ယခုမိဖုရားခေါင်ကြီးလွယ်ထားသော သန္ဓေသားမှာ အဖကိုသတ်မယ့်သား ဧကန်မုချ ဖြစ်
လိမ့်မည်ဟူ၍ သူတို့တတ်အပ်တဲ့ အတတ်ပညာနဲ့ တွက်ချက်ဟောကိန်းထုတ်ခဲ့ကြတယ်။ဒီဟောချက်နဲ့လျှောက်
တင်ချက်ကို မိဖုရားခေါင်ကြီးလည်းကြားရော ရင်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွား ခဲ့ရပါတော့တယ်။ (မမြင်ရ
သေးတဲ့ သားဟာ အဖကိုသတ်မယ့်သား)တဲ့ခြောက်ခြားစရာကောင်းတဲ့အဲဒီအကျိုးဆက်တရားကြီးကိုဘယ်လိုပုံ
စံမျိုးနဲ့ တားဆီးရပါလဲဟု သောကဖြည့်ဆည်းမှု တွေနဲ့ မိဖုရားခေါင်ကြီးမှာ စားမ၀င် အိပ်မပျော် ဖြစ်ခဲ့ရပါတော့
တယ်။ မိဖုရားကြီးမှာ တစ်ဖက်ကရင်သွေး၊ တစ်ဖက်သူလေးစားချင်ခင်ရတဲ့ သူတော်ကောင်းလင်ယောက်ျားဖြစ်
တယ်။
ဗိမ္မိသာရဘုရင်ကြီးဟာ မဟာသောတာပန်ကြီးဖြစ်တာနဲ့အညီ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရာမှာလည်း မင်းကျင့်တရား (၁၀)ပါးနဲ့အညီ ကျောသား ရင်သား မခွဲခြားဘဲ အုပ်ချုပ်ခဲ့သည့်အတွက်ကြောင့် တစ်တိုင်းပြည်လုံးက လေးစားကြည်ညိုကြတဲ့ သူတော်ကောင်း မင်းမြတ်ကြီးလည်းဖြစ်တယ်။ ဒီလိုကောင်းမွန် မြင့်မြတ်တဲ့ကျေးဇူးရှင်ဖခင်ကို သူ့ရင်သွေးက သတ်မည်ဆိုတော့ အကြီးလေးဆုံးသောအပြစ် (ပဉ္စာနန္တရိယကံ)ကို သူ့ရင်သွေးက ကျူးလွန်မိခဲ့ရင် အဆိုးဝါးဆုံး ငရဲကျတဲ့ဒဏ်ကို ရင်သွေးငယ်က ခံစားရမှာဖြစ်တဲ့အတွက်ကြောင့် ဉာဏ်ပညာကြီးမားတဲ့ မိဖုရားပီပီ လင်ယောက်ျားသူတော်ကောင်းကြီးသည်လည်း မထိခိုက်ရအောင် ရင်သွေးငယ်သည်လည်း ငရဲမကျရအောင် အကုသိုလ်တရားကို ဓါးခုတ်ရာ လက်ဝင်လျှိုဆိုသလို သူပဲခံလိုက်မယ်ဆိုပြီး မိမိရင်သွေးကို လောကထဲရောက်မလာအောင် ဖျက်ချဖို့ နည်းအမျိုးမျိုးဖြင့် ရင်နာနာနဲ့အားထုတ် ကြံစည်တော့တာပါပဲ။ သို့သော်လည်း ဖြစ်ထိုက်တဲ့ အကုသိုလ်ကံအကြောင်းက ဖန်လာတော့ ဒီဝဋ်ကောင်လောင်း ရင်သွေးဟာ ဘယ်လိုပင်ဖျက်ချ ဖျက်ချ ပျက်မကျခဲ့ပါဘူး။ ကျောက်ပြင်တွေနဲ့ ဗိုက်ကိုအတင်းဖိ၊ တောင်စောင်းတွေပေါ်က လိမ့်ချ၊ အကြံဉာဏ်ရှိသလောက် ခွန်အားရှိသလောက် လုံ့လစိုက်ထုတ်ကြိုးပမ်းခဲ့ပေမယ့် ဘယ်လိုမှ မအောင်မြင်ခဲ့ပါဘူး။
မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျအောင် အားထုတ်ကြံစည်မှုကို ဗိမ္မိသာရဘုရင်ကြီးသိရှိသွားတဲ့အတွက်ကြောင့် မိဖုရားကြီးကိုခေါ်ယူကာ မလုပ်ကောင်း မလုပ်ထိုက်တဲ့အကြောင်း မလုပ်အောင် ဖြောင်းဖျနားချပြီး မိမိရင်သွေးကို အန္တရာယ်ကင်းစွာ မွေးဖွားစေဖို့ အမိန့်ပေးခဲ့ရပါတယ်။ ပဒေသရာဇ်ဘုရင်တို့ရဲ့ အမိန့်စကားဟာ တစ်သွေး တစ်သံ တစ်မိန့်ပါဘဲ။ ဒီအမိန့်ကို မည်သူတစ်ဦးတစ်ယောက်မျှ ဖယ်ရှား၍ မရနိုင်ဘူး။ ဒီလိုနဲ့ လူ့လောကကို အဇာတသတ်လေး မွေးဖွားခဲ့ရပြီးဆိုပါတော့ ထီးညွှန့်နန်းလျာ ဆက်ခံရမဲ့သားမို့လို့ (ဥစ္စာ-သြဇာ) နှစ်ဖက်စလုံး ပြည့်စုံမှုတွေနဲ့ အားလုံးကို အလိုလိုက်အကြိုက်ဆောင်ရတဲ့ အခြေအနေနဲ့ ဖြတ်သန်းလာခဲ့ရတော့ ဘ၀ကို နားမလည်ခဲ့ပါဘူး။ ဒါကြောင့် လောက အဆိုးအကောင်း အကျိုးအကြောင်း သိနားလည်မှု အလွန်နည်းပါးခဲ့ပါတယ်။ ဒါကြောင့်လည်း အဇာတသတ်ဟာ ဒေ၀ဒတ်ရဲ့ (သမထ) တန်ခိုးနဲ့စည်းရုံး သိမ်းသွင်းခြင်းခံလိုက်ရပြီး လွဲမှားတဲ့ဆရာအသင်မှားမှုကြောင့် ဒေ၀ဒတ်ဟာ အဇာတသတ်ကို လမ်းညွှန်ပေးခဲ့တယ်။ (ငါကတော့ ဘုရားသတ်ပြီး ဘုရားလုပ်မယ်။ မင်းကတော့ အဖေသတ်ပြီး ဘုရင်လုပ်ပါ။ တို့ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလိုသာ လုပ်နိုင်ခဲ့မယ်ဆိုလျှင် တို့ဆရာတပည့်နှစ်ယောက်ဟာ လောကမှာ အတုမရှိ ကြီးကျယ်မြင့်မြတ်သွားပါလိမ့်မယ်)လို့ဆိုပြီး မလုပ်ဝံ့မလုပ်ထိုက် မလုပ်အပ်တဲ့ ပဉ္စနန္တရိယကံကြီးကို ကျူးလွန်ကြဖို့ သွေးဆောင်စည်းရုံးခဲ့တဲ့အတွက်ကြောင့် အဇာတသတ်ဟာ သူတော်ကောင်းဖခင်ကြီးကို ထီးနန်းလွှဲအပ်စေဖို့ တောင်းဆိုခဲ့တယ်။
ဗိမ္မိသာရဘုရင်ကြီးဟာ တိုင်းရေးပြည်ရေး ရှုပ်ထွေးမှုတွေကို မလွဲသာလို့သာလျှင် ကိုင်တွယ်အုပ်ချုပ်နေခဲ့ရတဲ့အတွက်ကြောင့် မိမိသားတော်က တိုင်းပြည်ကို လွှဲအပ်ပေးဖို့ တောင်းဆိုလာတော့ မိဘမေတ္တာနှင့် လွယ်လွယ်ကူကူ လိုက်လျောပြီး လွှဲအပ်ပေးလိုက်ပါတယ်။ အဲ့ဒီလိုလွှဲအပ်ခြင်း၏ ရည်ရွယ်ချက်ဟာလည်း မိမိသားဖြစ်၍နေတာကတစ်ကြောင်း တရားကို လွတ်လွတ်လပ်လပ် ကျင့်ကြံအားထုတ်လိုသည့်အတွက်ကြောင့်သာလျှင် ထီးနန်းလွှဲအပ်လိုက်ခြင်းဖြစ်ပါတယ်။
အဇာတသတ်ဟာ သူလိုချင်တဲ့ ထီးနန်းစည်းစိမ်ချမ်းသာကို လွယ်လွယ်နဲ့ ရရှိသွားတော့ ၀မ်းသာအားရ ဆရာလုပ်သူထံ သွားရောက်တင်ပြလိုက်တော့ ယုတ်မာမိုက်မဲလွန်းလှတဲ့ ဆရာဒေ၀ဒတ်ဟာ ဆက်လက်ပြီးတော့ အမိန့်ရှိပြန်တယ်။ မိမိအနေနဲ့ ဖခင်ဘုရင်ကြီးက ထီးနန်းလွယ်လွယ်လေး လွှဲအပ်လိုက်တာပဲဆိုပြီး ၀မ်းသာမနေနဲ့ဦး တကယ်တော့ တစ်တိုင်းပြည်လုံးက အရှင်မင်းသားရဲ့ ဖခင်ကိုလေးစားကြ ချစ်ခင်ကြလွန်းတော့ မင်းသားရဲ့ နောင်ရေးဟာ စိတ်အေးစရာ စိတ်ချစရာ မရှိသေးပါဘူး။ ဒါကြောင့် အရှင်မင်းသားရဲ့ဖခင် မရှိတော့မှဘဲ လုံးလုံးစိတ်ချရမှာမို့ (အများအမြင်မှာလည်း အရှင်မင်းသား သတ်တယ်လို့ မဖြစ်ရအောင် တဖြည်းဖြည်းညှဉ်းပြီး မသေမချင်းသတ်ပစ်ရမယ်လို့ ရက်ရက်စက်စက် ယုတ်မာလှတဲ့ တိုက်တွန်းအကြံပြုမှုတွေနဲ့ ထပ်ပြီး စေခိုင်းခဲ့ပြန်ပါတယ်။)
အဇာတသတ်ဟာ ဆင်ခြင်တုံတရားမရှိ ဉာဏ်ပညာကင်းမဲ့စွာဖြင့် မိုက်လုံးကြီးလှတဲ့သားဆိုး သားမိုက်ပမာ ဖခင်ဘုရင်ကြီးကို တစ်ဆင့်ပြီး တစ်ဆင့် ဆင်းရဲပင်ပန်းအောင်နှိပ်စက်မှု မျိုးစုံသုံး၍ ထောင်တွင်းအကျဉ်းချလျက် ထားလိုက်ပါတော့တယ်။ ထိုသို့ အကျဉ်းသားထားစဉ် အစာရေစာ ဖြတ်ထားသည့်အတွက်ကြောင့် မိခင်ကြီးက ခိုးကျွေးလို့ဆိုပြီး ဖခင်ဘုရင်ကြီးနဲ့ မိခင်ကြီးကို တွေ့ခွင့်မပေးတော့ဘဲ အစာရေစာပါ ဖြတ်လိုက်ပါတော့တယ်။ ဖခင်ဘုရင်ကြီးမှာ သူတော်ကောင်းတရားသမားကြီးပီပီ ခန္တီပါရမီရှေ့ထားပြီး တရားကိုသာ အားစိုက်ကျင့်ကြံလျက် စင်္ကြန်လျှောက်ရင်း မှတ်ပြန်ပါတော့တယ်။ စင်္ကြန်လျှောက်ပြီး တရားမှတ်နေတာကို မြင်ကြရတော့ ဘယ်လိုမှလမ်းမလျှောက်နိုင်အောင်ဆိုပြီး ခြေဖ၀ါးဓါးခွဲ ဆားပက်လျက် ကမ်းကုန်အောင် မိုက်မိုက်မဲမဲ ညှဉ်းဆဲပြုလုပ်ခဲ့ပါတယ်။ အဇာတသတ်ဟာ အကုသိုလ်တရား ကြီးမားစွာ မထောက်မညှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေရခြင်းဟာ ဆရာမှားခဲ့တဲ့အတွက်ကြောင့် အစွမ်းကုန်မိုက်ခဲခဲ့ရခြင်းဖြစ်ပါတယ်။
ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အဇာတသတ်ရဲ့ မိဖုရားမှာ သားယောက်ျားကလေး တစ်ယောက် ဖွားမြင်ကြောင်း မင်းချင်းတွေက လာရောက်သတင်းကြား လျှောက်တင်ကြပါတော့တယ်။ ထိုစကားကိုကြားသည်နှင့် မွေးဖွားဆောင်သို့ အဇာတသတ် လိုက်သွားခဲ့ပါတယ်။ သူ့သားလေးကို သူ့လက်ထဲလာထည့်ကြတော့ သားငယ်လေးရဲ့ မျက်နှာမြင်လိုက်ရတာနဲ့ တစ်ပြိုင်ထဲ မိုက်ရိုင်းဆိုးသွမ်း ယုတ်မာတဲ့ စိတ်ရိုင်းတွေဟာ အလိုလိုပျောက်ကွယ်သွားပြီး အင်အားကြီး ပြင်းထန်လေးနက်လှတဲ့ မိဘစိတ် မိဘမေတ္တာ မိဘသံယောဇဉ်တွေ သူ့ရင်ထဲ တိုးဆောင့်ဝင်ရောက်လာခဲ့ပါတော့တယ်။ နူးညံ့သိမ်မွေ့တဲ့ မိဘစိတ်ဟာ သီတာရေစဉ်အလား ရင်ထဲကို ရိုက်ခတ် စီးမျှောလာတော့ သူ့သားလေးရဲ့မျက်နှာကို ကြည့်ရှု့မ၀အောင်ဖြစ်ခဲ့ရပြီး နူးညံ့သိမ်မွေ့တဲ့ သားငယ်လေးကို ထိခိုက်နာကျင်သွားမှာ အရမ်းကို စိုးရိမ်ပူပန်နေမိတယ်။
လူဆိုတာက ကိုယ်တိုင်တွေ့ကြုံခံစားရမှ ကိုယ်ချင်းစာတတ်ကြတယ်။ ဖခင်နေရာရောက်မှ သားချစ်တဲ့စိတ် ကိုယ့်ရဲ့ဖခင်ဟာ မေတ္တာအား ဘယ်လောက်ကြီးတယ်ဆိုတာ သိရှိရပြန်တယ်။ ရန်သူမဟုတ်ဘဲ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ဖခင်မျက်နှာကိုလည်း လှမ်းအမှတ်ရလိုက်တယ်။ သူငယ်စဉ်က သူ့အပေါ်ထားရှိခဲ့တဲ့ အဖေစိတ်ရင်းမှန်ကို သိလိုစိတ်တွေ တစ်ဖွားဖွားပေါက်ဖွားလာတာနဲ့ သူ့မယ်တော်ကို အဆောင်ခေါ်ပြီး မေးမြန်းတော့တာပေါ့ “မယ်တော်ရယ် ကျွန်တော်သားလေးကို မြင်လိုက်ရတော့ ကျွန်တော့စိတ်တွေ ဘယ်လိုဖြစ်ကုန်မှန်း မသိတော့ပါဘူး။ ဒီသားလေးကို ဘယ်လိုဘယ်လောက်ချစ်ပါတယ်လို့ နှိုင်းမပြတတ်အောင် ချစ်ခဲ့သလို ကျွန်တော့်ကိုမွေးစဉ်က ကျွန်တော့်အဖေဟာ ကျွန်တော့်ကို ဒီလိုပဲ ချစ်ပါသလား” ဟု မေးလျှောက်လိုက်တော့ မယ်တော်က “ ဟယ် သားဆိုး သားမိုက် မင်းမို့လို့ ဒီမေးခွန်း မေးရက်ပလေတယ် မင်းလိုဆိုးမိုက်တဲ့ သူကတောင် ကိုယ့်သားလေးကို ချစ်တတ်နေရင် မင်းအဖေ သူတော်ကောင်းကြီးဟာ သူ့သားမင်းအပေါ်ချစ်တာ မင်းသားကို မင်းချစ်တာထက် အဆပေါင်းများစွာ သာလွန်တာပေါ့လို့” ဖြေပြီး သူကိုယ်ဝန်ဆောင်စဉ်က ချဉ်ချင်းတပ်ပုံ ပညာရှိပုဏ္ဏားတော်တွေ ဟောကြားခဲ့ပုံ ကိုယ်ဝန်ဖျက်ဖို့ ကြိုးစားခဲ့ပုံ ဖခင်သူတော်ကောင်းကြီးက တားမြစ်ခဲ့ပြီး မွေးစေခိုင်းခဲ့ပုံ ငယ်စဉ်ကအစ ထောက်ညှာသနား အလိုလိုက် အကြိုက်ပေး အချစ်ကြီးခဲ့ပုံ ပြောပြပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဖခင်တစ်ယောက်ရဲ့ ကြီးမားတဲ့ မေတ္တာကို ပေါ်လွင်စေမယ့်ဖြစ်ရပ်လေးတစ်ခုကို တစ်ဆက်တည်း ပြောပြလိုက်တာပါပဲ။
အဇာတသတ် ငယ်စဉ်ကလေး (လသား) အရွယ်မှာ လက်ကိုခူနာပေါက်ခဲ့သတဲ့ အနာဟာ မန်းတက်ပြည်တည်ပြီး အနာကိုက်ရှာတော့ ကလေးဟာ စူးစူးဝါးဝါး ငိုတော့တာပေါ့။ တစ်နန်းတော်လုံး ဆူညံပွက်သွားအောင် ငိုတဲ့အသံကို ဖခင်မင်းကြီးကြားတော့ ကလေးဆီ စိုးရိမ်တကြီး ထသွားတာပေါ့ ကလေးကို ချော့မော့ထိန်းကျောင်းပေးနေတဲ့ အမေနဲ့ အထိန်းတော်တွေဆီက ကလေးကို သူ့ဆီပွေ့ချီပြီး အနာကိုက်နေတဲ့ လက်နုချောင်းလေးကို သူ့အာခံတွင်းငုံပြီး (အာငွေ့)ပေးတော့တာပေါ့။ အာငွေ့ပေးလိုက်လို့ နာကျင်မှု ဝေဒနာပျောက်ကင်းသွားသည်က တစ်ကြောင်း၊ အဆက်မပြတ်ငိုနေလို့ မောနေတာကတစ်ကြောင်း၊ ကလေးဟာ အဖေ့လက်ထဲမှာပဲ ချက်ချင်းအိပ်ပျော်သွားသတဲ့။ သူ့အာငွေပေးလိုက်လို့ အနာသက်သာပြီး အိပ်ပျော်သွားတဲ့သားကို ကြည့်ပြီး ပီတီဖြစ်ဝမ်းမြောက်သွားတဲ့ အဖေဟာ ငိုထားတဲ့လက်ကို ပြန်မထုတ်ပဲ အဆက်မပြတ် အာငွေ့ပေးထားတော့တာပေါ့။ မိဘမေတ္တာဓါတ်နဲ့ အဆက်မပြတ်ပေးနေတဲ့ အာငွေ့အပူဓါတ်ကြောင့် မန်းရင်းနေတဲ့ အနာဟာ အပေါက်ပေါက်သွားပြီး ပြည်ပုပ် သွေးပုပ်တွေ ယိုစီးကျလာတော့တာပေါ့။ ဒီပြည်ပုပ် သွေးပုပ်တွေ ထွေးထုတ်ရင် ငုံထားတဲ့ လက်ကလေးပြန်ထုပ်ရမယ်။ လက်ကလေးပြန်ထုတ်လို့ သားလေးနိုးသွားရင် မချိမဆံ့ပြန်ခံစား၊ ပြန်ငိုမှာ စိုးတာနဲ့ အလွန်ညစ်ပတ်နံစော် ပုပ်အီနေတဲ့ပြည်ပုပ် သွေးပုပ်တွေကို ဖခင်ဟာ မျိုချလိုက်သတဲ့။ ကြက်သီးထစရာကောင်းအောင် ကြီးမားတဲ့ ဖခင်မေတ္တာပါပဲ။
ဒို့တစ်တွေ ဒီလိုသွေးပုပ်၊ ပြည်ပုပ်တွေမပြောနဲ့ ချွဲ၊ တံတွေး၊ နှပ်ချေးလောက်ကို ဘယ်လောက်ရွံ့တတ်ကြလည်း၊ စဉ်းစားကြည့်ပါ။ ဒါအင်မတန် အင်အားကြီးမားတဲ့ နိုင်ငံတစ်ခုရဲ့ ဘုရင်ဧကရာဇ်၊ ဘုရင်တစ်ပါးဟာ ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေ သုံးဆောင်စားသောက်ရတဲ့ ဘုန်းတန်ခိုးရှင် မဖွယ်မရာ ညစ်ပတ်တာတွေ မြင်ဖို့ကြည့်ဖို့ မပြောနဲ့ အကြားနဲ့တောင်ဘယ်လိုလူမှ ပြောဝံ့မှာ မဟုတ်ဘူး။ မိဘတစ်ယောက်ရဲ့ ကြီးကျယ်မြင့်မားလွန်းတဲ့ မေတ္တာနဲ့ကျ ကိုယ့်သားသမီး ကျန်းမာချမ်းသာရေးအတွက် လက်ရှိဘ၀မြင့်မားမှု ကြီးကျယ်မှု ထည့်မတွက်တော့ဘဲ လုပ်သင့်တယ်ထင်ရင် လုပ်နိုင်တာထက် ပိုပြီးအနွံတာခံကြတာ မိဘတွေရဲ့ စိတ်ရင်းအမှန်ပါပဲ။
မိခင်ရဲ့ ဖြေကြားပြောဆိုနေတဲ့ စကားလုံးတွေဟာ အဇာတသတ်ရဲ့ နှလုံးသားကို သံချွန်တွေနဲ့ ထိုးဆွ မွှေနှောက်နေသလို ပြင်းပြစွာထိခိုက်နာကျင်ခံစားသွားစေပြီး သူ့ဆိုးသွမ်းမိုက်မဲမှုတွေကို အဆုံးသတ်သွားစေခဲ့တယ်။ မင်းချင်းတွေ ဆင့်ခေါ်ပြီး ချုပ်နှောင်ထားတဲ့အဖေကို အမြန်ဆုံးပြန်လွတ်ဖို့ ကြိုးစားပေမယ့် လှိုက်လှဲကြေကွဲစရာကောင်းအောင် ဖခင်ဖြစ်သူဟာ နတ်ရွာခံသွားခဲ့ရပြီး (နောင်တ)ဆိုတာ နောက်မှတသသ ပြုမူလုပ်ဆောင်နိုင်စွမ်းမဲ့စေခဲ့တဲ့ အခြေအနေဆိုးကို ခေါ်တာပါ။ မိဘအပေါ် ရက်စက်ကြမ်းကြုတ်စွာလုပ်ခဲ့မိသော အဇာတသတ်ရဲ့ လုပ်ရပ်စာ ခြွေန်လက်လွန် ဖြစ်သွားခဲ့ရပါပြီ။ ဒါ့ကြောင့် မိဘတိုင်းဟာ ကိုယ့်ရဲ့သားသမီးများအား မလွန်ကျူးသင့် မလွန်ကျူးထိုက်တဲ့ အပြစ်ဘေးတွေ မဖြစ်ပေါ်ရအောင်၊ မိဘများဟာ မိမိတို့ရဲ့ သားတွေကို ငယ်စဉ်အခါကာလမှာ ဆိုဆုံးမထားခဲ့မည်ဆိုလျှင် ကြီးပြင်းလာတဲ့အခါမှ မိဘနှစ်ပါးရဲ့ အားကိုးရာများ ဖြစ်လာကြပါလိမ့်မယ်။ သားသမီးများဟာ ဆိုဆုံးမပြုပြင်မှုနည်းပါးခဲ့လျှင် ကျားဆိုပမာ ကြောက်စရာကောင်းလှပါတယ်။ မိမိမှာသားဆိုးပါလာလျှင် ကျားဆိုးထက်ပင် ကြောက်စရာကောင်းလှပတယ်။ မိမိမှာသားဆိုးပါလာလျှင် ကျားဆိုးထက်ပင် ကြောက်စရာကောင်းလှအောင် မိဘတွေကို ဒုက္ခမျိုးစုံပေးတတ်ကြပါတယ်။ မိမိရဲ့ သားတွေကို ကျားဆိုးဘ၀မရောက်အောင် ငယ်ရွယ်စဉ်အခါကပင် ဆုံးမပြုပြင်မှုတွေပေးလို့ မကောင်းတာတွေကို တားမြစ်ကာ ကောင်းတာတွေကို သွန်သင်ညွှန်ပြလို့ ပြုပြင်ပေးကြရပါလိမ့်မယ်။ ဒါကြောင့်
ငယ်သော်ကသား ဆုံးမငြားက
ကြီးသောအခါ အားပမာ
မှန်စွာကိုးကွယ်သည်။
ငယ်သော်ကသား ဆုံးမနည်းက
ကြီးသောအခါ ကျားပမာ
မှန်စွာ ကြောက်ဖွယ်တည်း.....
ဟု ရေးစပ်မိပါသည်။
မိဘများဟာ မိမိတို့သမီးလေးတွေကို ငယ်ရွယ်စဉ်အခါကာလမှာ ဆိုဆုံးမပြုပြင်ထားခဲ့မည်ဆိုလျှင် ကြီးပြင်းလာတဲ့အခါ ထီးပမာ အေးမြတဲ့အရိပ်ကို ပေးစွမ်းနိုင်ကြပါတယ်။ မိမိရဲ့သမီးလေးတွေကို ငယ်ရွယ်စဉ်အခါကာလမှာ ဆုံးမပြုပြင်မှုမရှိဘဲ လျစ်လျူရှုထားခဲ့ပါလျှင် သမီးဆိုး သမီးမိုက်များဖြစ်ပြီးသကာလ မိလနှစ်ပါးကို ပူလောင်ဆင်းရဲမှု ဒုက္ခမျိုးစုံကို ပေးတတ်ကြပြန်ပါတယ်။ မီးဆိုတာ ပူလောင်မှုပေးနိုင်သကဲ့သို့ သမီးဆိုတာလည်း မလိမ္မာမိုက်ခဲ့လျှင် မီးထက်ကို ပူလောင်ဆင်းရဲမှု ပေးတတ်ကြပြန်ပါတယ်။
ဒါကြောင့်
ငယ်သောသမီး ဆုံးမပြီးက
ကြီးသောအခါ ထီးပမာ
ငယ်သောသမီး ဆုံးမနည်းက
ကြီးသောအခါ မီးပမာ
မှန်စွာပူဖို့တည်း...
ဟု ရေးစပ်မိပါသည်။
အဇာတသတ်၏ မိဘအပေါ် ကျူးလွန်ခဲ့သော ပဉ္စနန္တရိယကံသည် သားသမီးများနှင့် မိဘများအပေါ် သင်ခန်းစာတစ်ခုအဖြစ် မမေ့နိုင်အောင် ထင်ကျန်ခဲ့ပါတော့သည်။ သားသမီးတိုင်းဟာ မိဘနဲ့ပတ်သက်လာလျှင် မဆိုင်းတတ်တဲ့ ၀ဋ်ကံကြမ္မာ တဖန်ပြန်လည်စိုက်ရောက်ခြင်းခံကြရပါတော့သည်။ ဒါကြောင့် စာရှု့သူများဟာ အဇာတသတ်ဇာတ်တော်ထုံး နှလုံးမူလျက် ထိုကဲ့သို့မဖြစ်ကြရအောင် ဆင်ခြင်ကြပါကုန်လော့၊ အဇာတသတ်သည် ထိုအပြစ်ကို ကျူးလွန်ပြီးသည်၏ အဲ့ဒီ့နောက်မှာတော့ အဇာတသတ်ရဲ့ဘ၀ထဲ အကောင်းဆုံးတွေ စီတန်းရောက်ခဲ့ပါတယ်။ မိခင်ကိုရိုသေစွာ စောင့်ရှောက်လျက် ရတနာသုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ခဲ့ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က ရတနာသုံးပါးကြည်ညိုသူ ဧတ္လင်္ဂဘွဲ့ ချီးမြှင့်ပေးခြင်းခံယူထိုက်အောင် အဇာတသတ်ဟာ သိတတ်ကောင်းမွန် လိမ္မာယဉ်ကျေးခဲ့ပါတယ်။ ခဖင်သတ်ခဲ့တဲ့ ပဉ္စနန္တရိယငြိစွန်းခဲ့မိတဲ့ အဇာတသတ်ဟာ ငရဲမကျခင် (မိဘနဲ့ပတ်သက်ရင် မဆိုင်းတတ်တဲ့ ကံကြမ္မာဟာ) သူချစ်လှပါတယ်ဆိုတဲ့ သူ့ရဲ့သားဟာ သူ့ကိုပြန်သတ်ပြီး ထီးနန်းလုယူသွားတယ် (ဖခင်ထက်ဆိုးဝါးတဲ့ ကြမ္မာအထပ်ထပ်အဆင့်ဆင့်လည်ပြီး) သူ့သားကို သူ့မြေးကသတ်၊ သူ့မြေးကို သူ့မြစ်ကသတ်၊ သူ့မြစ်ကို သူ့တီကသတ်... မင်းဆက်ပေါင်းမြှောက်များစွာ ဖအေသတ်နန်းလုပွဲတွေနဲ့ ရာဇ၀င်ကို ညစ်နွမ်းဆိုးညစ်စေခဲ့တာ တရားကျစရာ သံဝေဂရစရာပါပဲ။ သူ့အဖေသာ မသေခဲ့ရင် သူ့ဘ၀ဟာ တစ်မျိုးတစ်ဖုံဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်ဦးမည်။
ပထမဆုံးဖတ်ရှု့ခဲ့တဲ့ သူဌေးသားရဟန်းလေးဟာ မိစုံဖစုံကို ပြန်လည် လုပ်ကျွေးခွင့်ရရှိသွားတော့ ကောင်းခန်းလေးတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ (တကယ်လို့) ဒီရဟန်းကလည်း အဇာတသတ်လို မိဘနှစ်ပါးလုံးဆုံးသွားလဲ့လျှင် ဒါမှမဟုတ် တစ်ဦးဦးလောကထဲမှ ထွက်ခွာသွားခဲ့လျှင် (အသာသဝေါကုန်ခန်း ရဟန္တာအဖြစ်နဲ့) ကောင်းမှုနဲ့ အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။ စာရှု့သူများ စဉ်းစားကြည့်ပါ။ ပထမပိုင်းကပြောခဲ့တဲ့ ကိုထွန်းတို့သားအဖဟာလဲ ဖခင်ကိုခြေနဲ့ကန်မချခဲ့ဘူးဆိုလျှင် ဖခင်လည်းသေစရာအကြောင်းမရှိ မိမိလည်း (ဥပစ္စေဒကကံ)ဖြင့် ကားတိုက်ပြီး သေနိုင်စရာအကြောင်းမရှိတော့ပါ။ ဒါကြောင့်မိဘကို စော်ကားတဲ့ သားသမီးဆိုး/မိုက်တွေဟာ မိဘ၀ဋ် ကံကြမ္မာ နေ့မဆိုင်းညမဆိုင်း အကျိုးပေး မြန်လွန်းတဲ့အတွက်ကြောင့် သတိတရား လက်ကိုင်ထားပြီး မကျူးလွန်မိကြရအောင် ကိုယ်နုတ်စိတ်တွေ စောင့်စည်းထိန်းသိမ်းကြပါလို့ သတိပေးချင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~

မှတ်ချက်
တောင်တွင်းအရှင်ဏ္ဍဒ္ဓိပါလ
အညတရဘိက္ခု၏
သားသမီးနှင့်မိဘငြိမ်းချမ်းရေး (သားသမီးနှင့်မိဘ တကယ့်ဖြစ်ရပ်မှန်များ) စာအုပ်မှ ကူးယူ၍ မဖတ်ရသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာစီရိုက်ကူးပေးထားခြင်းဖြစ်ပါသည်။



.

အပြည့်အစုံသို့

Tuesday, March 8, 2011

ဆင်းတုရှိခိုးတာ အကျိုးရှိသလား? ( ဒါက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းပဲ )

ဆင်းတုရှိခိုးတာ အကျိုးရှိသလား

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

.ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံအားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကိုခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကိုဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကိုဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှားစွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါးမြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာရှာဖွေလို့ ရနိုင်ပါတော့မလဲ။

(ဒေါက်တာမင်းတင်မွန်)

www.burmaborn.blogspot.com မှကူးယူဖော်ပြပါသည်။ တန်ဖိုးရှိသောဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
.

အပြည့်အစုံသို့

Thursday, February 24, 2011

ဦးစန္ဒြမဏိကျောင်းသားများအသင်း၏ နိဒါန်း

မြတ်ဗုဒ္ဓ၏ အဆုံးအမသာသနာတော်သည် အိန္ဒိယနိုင်ငံ၌ စတင်ခဲ့၏။ သို့သော် ဗုဒ္ဓပရိနိဗ္ဗာန်စံ တော်မူပြီးနောက် နှစ်ပေါင်း တစ်ထောင်ကျော်ခန့်လောက်တွင် အိန္ဒိယမှ လုံးဝပျောက်ကွယ်သွားခဲ့လေ သည်။အင်္ဂုတ္တိုရ်ပါဠိတော်၌-------.၁။ တရားမနာခြင်း။
၂။ ပိဋကတ်တော်များကို မသင်ယူခြင်း။
၃။ သင်ယူသော်လည်း နှုတ်တက်ရအောင် မဆောင်ခြင်း။
၎။ နှုတ်တက်ရအောင်ဆောင်ထားသော်လည်းအနက်အဓိပ္ပါယ်ကိုမစဉ်းစားမကြံစည်ခြင်း။
၅။ စဉ်းစားကြံစည်၍သိသော်လည်းသိသည့်အတိုင်းမကျင့်ခြင်း။
၆။ သူတပါးတို့အားအကျယ်မဟောခြင်း။
၇ ။ အကျယ်မပို့ချခြင်း။
၈။ အကျယ်မရွတ်ဆိုခြင်း။
၉။ ပိဋကတ်တော်များကိုများကိုမှားယွင်းစွာ သင်ယူခြင်း။
၁၀။ ရဟန်တို့ ၏ပြောဆိုဆုံးမခက်ခြင်း။
၁၁။ လာဘ်လာဘပေါများအောင်သာကြံစဉ်နေခြင်း။
၁၂။ သံဃာကွဲပြားခြင်းတို့သည်သာသနာကွယ်ကြောင်း အချက်မလက်များဖြစ်သည်ဟုဆို ထားပါသည်။သို့ သော် သမိုင်းပညာရှင်များ၏အဆိုအရအိန္ဒိယမှဗုဒ္ဓသာသနာတော်ကွယ်ပျောက်သွားခဲ့ ရခြင်းသည်ကား အထက်ပါသာသနာကွယ်ကြောင်းအချက်အချက်အလက်များထက် ဘာသာခြားတို၏ မတရားအနိုင်ကျင့်မှု့များ၊လူမဆန်စွာရက်ရက်စက်စက်အစုလိုက်အပုံလိုက်သတ်ဖြတ်မှုများစသောပြင်ပ အနှောက်အယှက် ပယောဂများကြောင့်ဖြစ်သည်ဟုသိရပါသည်။ ထို့ကြောင့် ဗုဒ္ဓသာသနာတော် သည်၎င်း၏စတင်ခဲ့ရာဇာတိမြေမှ မကွယ်ပျောက်သင့်သေးဘဲ အဆောတလျှင်ကွယ်ပျောက်ခဲ့ရလေ သည်။ ထိုသို့ကာလရှည်ကြာ ကွယ်ပျောက်နေခဲ့သော်လည်း ဗုဒ္ဓဘာသာတို့၏ ကိုးကွယ်ရာဖြစ်သော မြတ်ဗုဒ္ဓ၏သဗ္ဗညုတရွှေဥာဏ်တော်ကို ရတော်မူခဲ့သည့်နေရာ၊တရားဦးကိုစတင်ဟောကြားခဲ့သညိ့နေ ရာ၊ပရိနိဗ္ဗာန်စံတော်မူခဲ့သည့်နေရာတို့သည် (ရှေးအခါက မဇ္ဈိမ) ယ္ခုအခါအိန္ဒိယနိုင်ငံအတွင်း၌ပင်တည် ရှိနေပါသည်။မြတ်ဗုဒ္ဓကလည်း“သဒ္ဓါရှိတရားသောအမျိုးကောင်းသား၊အမျိုးကောင်းသ္မီးတို့သည် ထိုနေ ရာများသို့သွားရောက်၍ သံဝေဂဥာဏ်ပွားများအပ်၏”ဟု ဟောတော်မူထားသည်ဖြစ်ရာ ထိုသံဝေဇနိ ယ ဌာနများသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်အရေးပါလှပေသည်။ထို့ကြောင်း ဗုဒ္ဓ၀ါဒ၏ တန်ဖိုး ကိုနားလည်ကြသော ရဟန်းပညာရှိ လူပညာရှိတို့သည် ဗုဒ္ဓနှင့်ပတ်သတ်သည့်နေရာဒေသများကို ဗုဒ္ဓ ဘာသာဝင်များအနေဖြင့် လွတ်လပ်စွာ လာရောက်ဖူးမြော် သံဝေဂဥာဏ်ပွာမျာနိုင်စေရန်၊ဗုဒ္ဓသင်ကြား ချက်များ ကျယ်ပြန့်ထွန်းကြားလာစေရန် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့ကြလေသည်။ယင်း ပုဂ္ဂိုလ်များကို သာသနာပြုပုဂ္ဂိုလ်များဟုခေါ်ပါသည်။
သို့ဖြစ်ရာ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး၍ သင်္ဃါယနာသုံးတန်တင်ပြီးနောက် တစ်ဖြည်းဖြည်းမှေးမှိန် ကာ ကွယ်ပျောက်ခဲ့ရသော အိန္ဒိယနှင့် နီပေါသာသနာတော်ကို ပြန်လည်စည်ပင်ထွန်းကြားလာအောင် ဆောင်ရွက်ခဲ့ကြသောပုဂ္ဂိုလ်များအနက်မှ ဆရာတော် အသျှင် စန္ဒြမဏိသည် အလွန်ထင်ရှားသော ဆရာတော်တစ်ပါဖြစ်ပါသည်။ ထိုဆရာတော်သည်မြင့်မြတ်သော ရဟန်းဘ၀သို့ရောက်ရှိပြီးသည်မှ နောက်၌ အိန္ဒိယနိုင်ငံ၌ သီတင်းသုံးတော်မူကာ ကုသိနာရုံ၊မိဂဒါဝုန်၊သာဝတ္ထိ၊လုဗ္ဗိနီစသော ဗုဒ္ဓဘာသာ တို့အတွက် အရေးကြီးသည့် နေရာဒေသအနှံ့အပြားတို့၌ ဘုရား၊ကျောင်း၊စေတီပုထိုးများတည်ဆောက် မွန်းမံလျှက် ၄င်းတို့ကို ကမ္ဘာကသိအောင် ဆောင်ရွတ်တော်မူခဲ့ပါသည်။ ထို့အပြင်အိန္ဒိယနိုင်ငံသား စာ ရေးဆရာ ရာဟုလာသံကစ္စည်း၊ အရှင်ဓမ္မရက္ခိတ၊ ဘိက္ခုအာနန္ဒကောသလ္လ၊ ဘိက္ခုအစ္စုတာနန္ဒ စသော နာမည်ကျော် ရဟန်းတော်များကိုလည်း မွေးထုပ်ပေးခဲ့ပါသည်။အလွန်ကြီးကျယ်သောစွမ်းဆောင်ချက် တစ်ခုမှာ ၁၉၅၆-ခု၊အောက်တိုဘာလ ၁၄-ရက်နေ့တွင် မဓျာပရာဒေရှ်ပြည်နယ်၊ နာဂပူမြို့၌ အိန္ဒိယ တရားရေးဝန်ကြီး ဒေါက်တာ အမ္ဗေဒကာနှင့်ဇနီးတို့ဦးဆောင်သည့် ဟိန္ဒူဘာသာဝင် ခြောက်သိန်း (၆၀၀၀၀၀)ကျော်တို့ကို သရဏဂုံသုံးပါးနှင့်ငါးပါးသီလကို ခံယူစေပြီ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ သွပ်သွင်း ပေးခဲ့ခြင်းပင်ဖြစ်ပါသည်။ဘာသာမတူ လူမျိုးမတူသူများကို ဆွဲဆောင်သိမ်းသွင်းနိုင်သော ဤလုပ်ရပ် များသည် သာမညပုဂ္ဂိုလ်တို့ မဆောင်ရွက်နိုင်သောကြောင်း အလွန်ကြီးကျယ်သော သာသနာပြုလုပ် ရပ်များလည်းလည်းဖြစ်ပါသည်။ဆရာတော် အသျှင် စန္ဒြမဏိဆောင်ရွက်ခဲ့သော သာသနာပြုလုပ်ရပ် အကျိုးဆက်များကြောင်း အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာ ဦရေ တစ်ဖြည်းဖြည်းတိုးပွားလာခဲ့ရာ ယ္ခုအခါ (၁၀)သန်းအထိရှိနေပြီဖြစ်ကြောင်း သိရပါသည်။ဗုဒ္ဓ၀ါဒသည် လူ့ဘ၀ပြဿနာ အကြောင်းအရင်းကို ရှာဖွယ်ပေးစွမ်းနိုင်ပြီး ကိုးစားလိုက်နာ ကျင့်ကြံကြသူအပေါင်တို့အား အဆင့်အတန်းခွဲခြားမှုမရှိဘဲ ငြိမ်း ချမ်းမှုကို အမှန်တကယ်ပေးစွမ်းနိုင်သည့် တခုတည်းသောဝါဒပင်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓဆိုဆုံးမတော်မူ သည့်အတိုင်းကျင့်ကြံကြိုးကုတ် အားထုပ်ခဲ့ကြ၍ ဘ၀ပြဿနာ၏အဖြေကိုတွေ့ရှိကာ ဆင်းရဲအပေါင်းမှ လွတ်မြောက်ခဲ့ကြသော သူတော်စင်များကိုလည်း ဗုဒ္ဓစာပေသမိုင်း၌ အထင်ပင်တွေ့ရပါသည်။နောက် ပြီး မယုံကြည်နိုင်လောက်အောင်တိုးတက်နေသည့်ယနေ့ကမ္ဘာကြီးတွင် အလွန်ထူးချွန်ပါသည်ဆိုသော ခေတ်ပညာတတ် ပါရဂူများသည်လည်း မြတ်ဗုဒ္ဓ၏ အလွန်သိမ်မွေ့နက်နဲသော သစ္စာလေးပါး၊မဂ္ဂင်ရှစ် ပါး၊ပဋိစ္စသမုပ္ပါဒ်စသော တရားတော်များကို မည်သို့မျှ ငြင်းဆန်း၍မရပဲ ဟုတ်သည်မှန်သည်ဟုသာ လက်ခံကြရပါသည်။ထို့ကြောင်းလည်း ယနေ့ကမ္ဘာပေါ်တွင် ထိပ်တန်းပညာရှင်များအပါအ၀င် လူအ များစုက ဗုဒ္ဓ၀ါဒကို ပိုမိုစိတ်ဝင်စားလာနေကြသည်ကို တွေ့ရပါသည်။
သို့ဖြစ်ရာ မြတ်ဗုဒ္ဓ၏အဖိုးအနဂ္ဃထိုက်တန်လှစွာသောဓမ္မရတနာများကို မိမိတို့ကိုယ်တိုင် အ သေးစစ်လေ့လာလျှက် မသိသေးသူများကိုသိလာအောင်သိပြီးသူများကိုလည်း ပို၍ပို၍ လေးလေးနက် နက် လက်ခံကျင့်သုံးလာအောင် လုပ်ဆောင်ဖို့ရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။ ထိုတာဝန်များ ကို သိသည်အားလျော်စွာ မိမိတို့စာသင်သားရဟန်းတော်များသည် ပြည်တွင်း၌ ပါဠိပိဋကတ် ပရိယတ္တိစာများကို သင်ကြားခဲ့ကြပြီးနောက် ဘာသန္တရဗဟုသုတများကို ရရှိရန်နှင့် ကမ္ဘာသို့ ဖြန့်ဖြူးနိုင် ရန်ဟူသော ရည်ရွယ်ချက်များဖြင့် အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးတို့၌ ပညာသင်ကြားနေကြခြင်း ဖြစ်ပါသည်။
ယင်းကဲ့သို့ စာပေပညာဗဟုသုတသင်ကြားလေ့လာလျှက် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအ ဓွန့်ရှည်စွာတိုးတက်ပြန့်ပွားရေးအတွက် စဉ်းစားဆွေးနွေး အဖြေရှာကြသောအခါ တစ်ဦးယောက် ဆောင်ရွက်ခြင်းထက် စုပေါင်းဆောင်ရွက်သာသနာပြုခြင်းက ပို၍အကျိုးသက်ရောက်မှုရှိသည်ဟူ သော သမ္မာဆန္ဒတစ်ခုကိုရရှိခဲ့ကြပါသည်။
ဤဆန္ဒအတိုင်းပင် တိုတောင်းသောဘ၀သက်တမ်း၊မမြဲသောအတ္တဘောမှအဓွန့်ရှည်ကြာတည် မြဲစေနိုင်သည့်လက်ရာ၊နမူနာ၊သာဓကများကိုချန်ထားနိုင်ခဲ့သော ကျေးဇူးတော်ရှင် ဆရာတော်စန္ဒြမဏိ ထုံးကို နှလုံးမူလျှက် U CHANDRAMANI STUDENT WELFARE ASSOCIATION ကို ၂၁-၂-၂၀၁၀ တနင်္ဂနွေ နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့ကြပါသည်။ယ္ခုအခါမှာ ဤအဖွဲ့မှဦးစီးကာဖြင့် အင်္ဂလိပ်စာ၊ ကိန်ပျူတာ သင်တန်းများကို အသီးသီးဖွင့်လှစ်လျှက် အိန္ဒိယနိုင်ငံ တက္ကသိုလ် အသီးသီး၌ ပညာသင် ကြားနေကြသော ကျောင်းသားရဟန်းတော်များ ပညာရေးတိုးတက်မြင့်မြားစေရန်နှင့် ဗုဒ္ဓဒေသနာများ ကို ကမ္ဘာသို့ ဖြန့်ဖြူးစေနိုင်ရန် ရည်မှန်းချက်အားလျှော်စွာ အစဉ်ကြိုးစားလျှက်ရှိကြပါသည်။
သို့ပါ၍ သမိုင်းပေး တာဝန်တစ်ခုအနေဖြင့်သော်လည်းကောင်း၊ လုပ်သင့်လုပ်ထိုက်သော ကွက် လပ် တစ်ခုကို ဖြည့်စွက်ခြင်းအနေဖြင့်သော်လည်းကောင်း မိမိတို့နှင့်အမြဲတမ်း ပါဝင်ပူးပေါင်းဆောင် ရွက်နိုင်ပါကြောင်းကို ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့အား ဒီနေရာကနေပြီတော့ တိုက်တွန်းနိုး ဆော်လိုက်ရပါတယ်………….။
ဆက်သွယ်ရန်လိပ်စာ……
uchandramaniswa@gmail.com
.

အပြည့်အစုံသို့

Wednesday, February 23, 2011

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဘာသာရေး အမေး+အဖြေ (2) ဘဒ္ဒန္တတိလောကသာရ.ဖြေသည်

ခေါ်ခြင်းကြောင့် ဘာသာမတူသူများက နိဗ္ဗာန်ဆုတောင်းသည်ကို တမျိုးထင်နေကြပါသည်၊ နိဗ္ဗာန်ယာဉ်ဟူသော အမည်အစား အသုဘယာဉ်ဟု ပြင်ဆင်သင့်၊ မသင့် ဖြေကြားပေးတော်မူပါရန်။
( မောင်စိုြး ၁၀။( မေး )။ အသုဘယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု အဘယ့်ကြောင့် ခေါ်ပါသနည်း၊ ယင်းသို့ နင့်-လမ်းမတော်မြို့နယ် )
.( ဖြေ )။ ရှေးဆရာမြတ်များက
သေခြင်းတပါး၊ ဤတရားကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောင်းမေ့၊ စီးဖြန်းကြ-ဟု မိန့်တော်မူသည်။
သေခြင်းတရား မရဏာနုဿတိကို အခါခပ်သိမ်း ဆင်ခြင်းပွားများနေလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကို အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြောင်း ဟောကြပါသည်၊ အလွန်မာန်မာနကြီးသော ခေမာမိဖုရားကြီး စသည်တို့ကို သေခြင်းတရားပြ၍ တရားထူးကို ရစေပါသည်၊
သားသေ၍ သောကများနေသော ကိသာဂေါတမီအားလည်း သေခြင်းတရားကို မြင်အောင်ပြ၍ မြတ်စွာဘုရား တရားဟောပါသည်၊
ယသသူဌေးသားနှင့် အဖော် ၅၅-ဦးတို့သည် ဇရပ်တွင် အလိုလိုသေ၍ ပုပ်နေသော အသုဘအလောင်းကောင်ကို ဆောင်ယူသင်္ဂြိုဟ်ခဲ့ပါသည်၊ ထို့ကြောင့် ယသသူဌေးသားဘ၀တွင် သူငယ်ချင်းတစု မဂ်ဖိုလ်နိဗ္ဗာန်တရားကို လွယ်လွယ်နှင့် ရနိုင်ခဲ့ပါသည်၊
ထိုပကြောင့် မိမိတို့အနီးတွင် တဦးဦးသေလွန်၍ အသုဘကြုံလျှင် သေခြင်းတရာကို ပွားများခြင်း၊ ရှုဆင်ခြင်ခြင်းနှင့် အသုဘကို ၀ိုင်းဝန်းပို့ဆောင် သင်္ဂြိုဟ်ပေးခြင်းဖြင့် နိဗ္ဗာန်တရားကို ဤမျက်မှောက်ဘ၀တွင် မြင်သိစေနိုင်အောင်၊ သို့မဟုတ် နောက်နောက်ဘ၀တို့တွင် လွယ်လွယ်ကူကူ မြင်သိနိုင်အောင်၊ ပါရမီဖြစ်အောင် အားထုတ်နိုင်ရန်အတွက် လူသေ အသုဘတင် ယာဉ်ကို နိဗ္ဗာန်ယာဉ်၊ ကျန်ရစ်သူများ နိဗ္ဗာန်ရရေး အားပေးဖြစ်ပေါ်စေသော ယာဉ်-ဟု ရှေးက ဝေါဟာရပြုခဲ့ဟန် တူပါသည်။ ရှေးက အခမဲ့ကုသိုလ်ဖြစ် အသုဘပို့သောယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု ခေါ်ခြင်းဖြစ်သောလည်း ယင်းဝေါဟာရအတိုင်း ခေါ်ဝေါ်နေခြင်းပင် ဖြစ်ပေသည်၊ သို့သော် ယခုခေတ်တွင် အသုဘယာဉ်ဟုလည်း ခေါ်ဝေါ်နေကြပါသည်၊ နိဗ္ဗာန်ယာဉ်ဟူသော ဝေါဟာရမှာ ဖော်ပြပါအတိုင်း နက်နဲသောသဘောကို ဆောင်သော်လည်း ဗုဒ္ဓဘာသာတို့အဖို့ တွေးတောစဉ်းစား သံဝေဂပွားနိုင်သဖြင့် အကျိုါ်ရှိသော ဝေါဟာရဖြစ်ပါသည်
........................................................................................................
၁၁။( ကျောင်းပရိဝုဏ်အတွင်း ဖိနပ် စီးကောင်း မစီးကောင်း )
( မေး )။ ၁။ ကျောင်းပရိဝုဏ်အတွင်း လူများ ဖိနပ် စီးကောင်း မစီးကောင်း သိလိုပါသည်ဘုရား။
၂။ ကျောင်းတိုက်ပိုင် ဆရာတော်က ဖိနပ်စီးခွင့် ပြုနိုင် မပြုနိုင် သိလိုပါသည်ဘုရား။
( ရှင်ပုည-အရိယ၀ံသကျောင်းတိုက် ဘာအံမြို့ )

( ဖြေ )။ ကျောင်းပရိဝုဏ်အတွင်း လူများ ဖိနပ်စီကောင်း မစီးကောင်းနှင့်ပတ်သက်၍ ကိုးကာဖော်ပြကြရသော အထောက်အထားမှာ ရာဇာ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ။ ( ဒီ-ဋ္ဌ ၁-၁၂၆ ) ပါဠိဖြစ်သည်။
ဗိမ္ဗိသာရမင်းကြီး ခြေဖ၀ါး ဓားခွဲခံရပြီး နတ်ရွာစွရသည်မြှ ရှေးရှေးဘ၀က စေတီ ယင်ပြင်တော်၌ ဖိနပ်စီး၍ သွားခဲ့ဖူးခြင်းနှင့် ရဟန်းသံဃာတို ထိုင်ရန်ခင်းထားသော အခင်း (ဖျာ) ပေါ်ကို ခြေမဆေးဘဲ (ပေကျံသော ခြေဖြင့်) နင်းသွားဖူးသောကြောင့် ဖြစ်ရသည်ဟု အဓိပ္ပါယ်ရသည်၊ ဈွှေယင်ပြင်ဟုသာဆို၍ ကျောင်းပရိဝုဏ်ဟုကား မဆိုပါ၊ ကျောင်းနှင့်စပ်၍ကား သံဃာများ နေထိုင်ရန် ခင်းထားသောဖျာ စသည့် အခင်းပေါ်၌ ခြေမဆေးဘဲ ပေပေကျံကျံ ခြေဖြင့် နင်းသွးခြင်းကို ဆိုပေသည်။
ဤဖိနပ်ကိစ္စမှာ အမျိုးသာယဉ်ကျေးမှုနှင့် ဆက်စပ်နေဟန် တူပါသည်။ မြန်မာ့ယဉ်ကျေးမှုအရ လေးစားအပ်သော ပုဂ္ဂိုလ်တို့ရှေ့သို့ ဖိနပ်ချွတ်၍ သွားရသည့်ထုံးစံ ရှီပေသည်၊ ယင်းမြန်မာယဉ်ကျေးမှုမှာလည်း ဗုဒ္ဓဘာသာ မူရင်းမှ သက်ဆင်းရာ အိန္ဒိယယဉ်ကျေးမှုနှင့်လည်း ဆက်စပ်လာပုံရပါသည်၊ ဘာသာရေး အဆောက်အအုံများသို့ ၀င်တိုင်းပင် အိန္ဒိယနိုင်ငံတွင်လည်း ဖိနပ်ချွတ် အလေ့ရှိနေပေသည်၊ အိန္ဒိယနည်းတူပင် သီရိလင်္ကာ၊ နီပေါလ် စသည့်နိုင်ငံများမှာလည်း ဤအတူ ဖိနပ်ချွတ်လေ့ရှီသည်၊ အရှေ့ဘက် နိုင်ငံများ၌ကား ဤဓလေ့မရှိကြပါ၊ အထူးတလည် ရိုသေလေးစားမှု ဂါရ၀နိဝါတ တရားအရ မြန်မာ့ရှေးထုံးစဉ်လာ ဖြစ်နေသဖြင့် ဘုရားကျောင်းကန်တို့မှာသာမက မိမိတို့အိမ်ပေါ် တိုက်ခန်းတို့မှာပင် ဖိနပ်ချွတ်ခြင်းမှာ ယဉ်ကျေးသောအမူအရာများဖြစ်၍ လက်ခံထိုကသောကိစ္စပင် ဖြစ်ပါ၏၊ အထူးမှာ သံဃာတော်များထိုင်ရန် ခင်းထားသော ဖျာအခင်းတို့တွင် ပေကျံသောခြေတို့ဖြင့် မနင်းမိရန်နှင့် ကျောင်းပေါ်တက်ရာ၌ ခြေကိုစင်ကြယ်အောင် သုတ်သင်ရန် အရေးကြီးကြောင်းကိုပါ သတိပြုကြရန်ပင်၊ ယဉ်ကျေးမှုနှင့်စပ်လျင်း၍ ဖိနပ်ချွတ်ခြင်းဖြစ်၍ ကျောင်းဆရာတော်တို့၏ ခွင့်ပြုမှု မပြုမှုတို့ကို ဤတွင် ထည့်သွင်းစဉ်းစားရန် လိုတော့မည် မထင်ပါ။
( အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နှင့် မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် စသည့် အချို့ကျောင်းတိုက်ကြီးတို့တွင်မူ ကျောင်းပေါ်မှာသာ ဖိနပ်စီးခွင့် မပေးပဲ၊ ကျောင်းပရိဝုဏ်အတွင်း ဖိနပ်စီးခွင့် ပေးထားပါသည်။)
...........................................................................................
၁၂။( ကာမေသုမိစ္ဆာစာရနှင့် ဒု သ န သော )
( မေး ) အမျိုးသားများသည် လင်ရှိမယားကို ကျူးလွန်၍ ကာမေသုမိစ္ဆာစာရထိုက်သကဲ့သို့
အမျိုးသမီးများသည် မယားရှိလင်နှင့် ကျူးလွန်က ကာမေသုမိစ္ဆာစာရ ထိုက်ပါသလားဘုရား။
ကာမေသုမိစ္ဆာစာရနှင့် ဒု သ န သော မည်သို့ထူးပါသလဲဘုရား။
ဒု သ န သော အဓိပ္ပါယ်ကိုလည်း သိလိုပါသည်ဘုရား။
( မောင်လေးမြင့်-ဥက္ကံမြို့ )။ ဦးဝင်းဆွေ-ညောင်ရွှေမြို့ )။ ဦးစောထွန်း-တောင်သာမြို့ )။

( ဖြေ ) အမျိုးသားများဆိုင်ရာ ကာမေသုမိစ္ဆာစာရနှင့် အမျိုးသမီးများဆိုင်ရာ ကာမေသုမိစ္ဆာစာရကို ရှင်းလင်းသိသာရန် ဖော်ပြလတံ့ပါ မိန်းမနှစ်ကျိပ်ကို လေ့လာမှတ်သားထားပါ။

၁။ မာတုရက္ခိတာ-အမိစောင့်ရှောက်သော မိန်းမ။
၂။ ပိတုရက္ခိတာ-အဖစောင့်ရှောက်သော မိန်းမ။
၃။ မာတာပိတုရက္ခိတာ-မိဘနှစ်ပါး စောင့်ရှောက်သော မိန်းမ။
၎။ ဘာတုရက္ခိတာ-မောင်ကြီး မောင်ငယ် စောင့်ရှောက်သော မိန်းမ။
၅။ ဘဂိနိရက္ခိတာ-အမ ညီမ စောင့်ရှောက်သော မိန်းမ။
၆။ ဉာတိရက္ခိတာ-ဆွေမျိုး စောင့်ရှောက်သော မိန်းမ။
၇။ ဂေါတ္တရက္ခိတာ-အနွယ်တူ စောင့်ရှောက်သော မိန်းမ။
၈။ ဓမ္မရက္ခိတာ-တရားကျင့်သုံးဖက် စောင့်ရှောက်သော မိန်းမ။
( ဤမိန်းမ ရှစ်ယောက်မှာ ကာမပိုင်သူ မရှိ၊ မိမိကာမ မိမိပိုင်သူတို့သာဖြစ်၍ အထူးမှတ်သားထားပါ )

၉။ သာရက္ခာ-ထိမ်းမြားထိုက်သူ အစောင့်ရှိသော ( ကြောင်းလမ်းပြီး ) မိန်းမ။
၁၀။ သပရိဒဏ္ဍာ-မင်းတို့ ဒဏ်ထားအပ်သော မိန်းမ။ ( အခြားသူနှင့် လက်မထပ်ရန် မင်းမိန့်အာဏာဖြင့် တားမြစ်ထားသော မိန်းမ။)
၁၁။ ဓနက္ကိတာ-ယောက်ျားတဦးဦးက ဥစ္စာဖြင့်ဝယ်ထားသော မိန်းမ။
၁၂။ ဆန္ဒ၀ါသိနီ-ယောက်ျားတဦးဦးနှင့် အလိုတူ၍ အတူနေသော မိန်းမ။
၁၃။ ဘောဂ၀ါသိနီ-ယောက်ျားတဦးဦးက စည်းစိမ်ပေး၍ မယားပြုထားသော မိန်းမ။
၁၄။ ပဋ၀ါသိနီ-ယောက်ျားတဦးဦးက အ၀တ်ပုဆိုးပေး၍ မယားပြုထားသော မိန်းမ။
၁၅။ သြဒပတ္တကိနီ-ရေခွက်၌ ခက်စုံချေ၍ ယောက်ျားတဦးဦးနှင့် ထိမ်းမြားထာေးသာ မိန်းမ။
၁၆။ သြဘဋစုမ္ဗဋာ-ယောက်ျားတဦးဦးက ခေါင်းခုကိုချစေ၍ သိမ်းယူထားသော မိန်းမ။
( အလွန်ဆင်းရဲ၍ ခေါင်းရွက် လုပ်ကိုင်စားရသော မိန်းမကို မရွက်စေရဘဲ သိမ်းယူထားသည်ဟု ဆိုလိုသည်။)
၁၇။ ဒါသီ စ ဘရိယာ-ကျွန်လည်းဖြစ်, မယားလည်းဖြစ်နေသော မိန်းမ။
၁၈။ ကမ္မာကာရီ စ ဘရိယာ-အမှုလုပ်လည်း ဖြစ်, မယားလည်းဖြစ်နေသာ မိန်းမ။
၁၉။ ဓဇာဟဋာ-စစ်မြေမှ ဆောင်ခဲ့သော ( သုံ့ပန်း ) မိန်းမ။
၂၀။ မုဟုတ္တိကာ-တဦးဦး၏ ခေတ္တမယားဖြစ်နေသာ မိန်းမ။
ထိုမိန်းမ နှစ်ကျိပ်လုံးပင် အမျိုးသားတို့အဖို့ ကာမေသုမိစ္ဆာစာရထိုက်သဖြင့် လုံးဝကျူးလွန်ခြင်း မပြုရပေ။
၁-မှ ၈-အထိမှာ ကာမပိုင် မရှိ၊ အပျိုစင်များဖြစ်၍ အမျိုးသမီးတို့အဖို့ အခြားယောက်ျားတပါးနှင့် ကျူးလွန်မိသည့်တိုင် ကာမေသုမိစ္ဆာစာရ မဖြစ်။
၉-မှ ၂၀-အထိ မိန်းမတိုပမှာ ကာမပိုင်ရှိသူများဖြစ်၍ မိမိ ကာပိုင်ယောက်ျားမှတပါး မည်သည့် ယောက်ျားနှင့်မျှ ကာမကျူးလွန်မှု မပြုရတော့ပေ။

ဒု သ န သော-ဟူသည်မှာ ကဿပဘုရား လက်ထက်က သူဌေးသား လေးဦး ကာမေသုမိစ္ဆာစာရကြာင့် လောဟကုမ္ဘီခေါ်သော ငရဲသို့ ကျသွားရာ ငရဲသက် အနှစ်သုံးသောင်း နစ်၍ ငရဲအိုးမှ တကြိမ်ပေါ်လာစဉ် ဟစ်အော်ပြောဆိုသော စကားများ၏ အစ စကားလုံးများဖြစ်သည်။
စကားလုံး တလုံးစီသာ အော်ဟစ်နိုင်ခဲ့ပြီး ပြန်နစ်သွားသည်၊ ထိုအသံကို လင်ရှိမယားတဦးအား မတရားသိမ်းပိုက်ရန် ကြံစည်နေသော ပသေနဒီကောသလမင်းကြီး ကံအားလျှော်စွာ ကြားရသည်၊ ဘုရားရှင်အား မေးလျှောက်သဖြင့် ဘုရားရှင်က ဟောပြ၍ ထင်ရှားလာရခြင်းဖြစ်သည်။ယင်း ဒု သ န သော-မှာ သူဌေးသားလေးယောက် ( ငရဲသား လေးဦး ) ရွတ်ဆိုပြောကြားသော ပါဠိဂါထာတို့၏ အစ,စကားလုံးများ ဖြစ်သည်၊ နောင်တရ၍ နောင် ဤအဖြစ်မျိုး မဖြစ်စေရဘဲ ကုသိုလ်တရားများကို ပွားများပါတော့မည် စသော အဓိပ္ပါယ်များပင်တည်း။
(မြတ်မင်္ဂလာစာစောင်..၂၀၀၂)
ဦးလောကတိဿဖြေသည်

၁။( မေး ) ( သိက္ခုာပုဒ်မညီသော ရဟန်းများ )
အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊
( ဥပမာ ) ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲ ချမ်းသာမကြည့်၊ မတရား ဘက်လိုက်သဖြင့် မှန်ကန်သော ဆင်းရဲသား ပိုမို နစ်နာဆုံးရှုံးခြင်း )
( ဥိးခင်မောင်သိန်း-ညောင်ရွှေမြို့ )

( ဖြေ )
ဘုန်းတော်ကြီး ဦသီလ ထေရုပ္ပတ္တိ-၌
ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် ၂-ပါးရှိတယ်။
အကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူ များတယ်၊
အငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်၊

ထိုလူယုတ်မာလေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ။
( သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ် ဘုရား။)

ဆဲရေးတိုင်းထွာလျှင်ကော၊
( အာဟက်ခံရပါလိမ့်မယ်ဘုရား )

အေးအေး၊ မင်းတို့ ဒီလိုသိရင်တော်ပြီ။
ဘုရားရှင် သားတော်တွေအပေါ်လဲ နင်တို့ သတိထားတတ်ရော့ပေါ့-ဟု မိန့်တယ်။

ဆူးပေါ်ဖက်ကျမို့ ငါဖြင့် လန့်လိုက်လေကွယ်၊ မောင်ဘိုးအင်ရယ်-ဟု
ညောင်လေးပင်မြို့၌ ဦးဘိုးအင် ဆိုသည့် သူ၏မိတ်ဆွေအား ရှေ့နေ ဦးတိုးကြီးက ပြန်၍ ပြောပြဖူးသည်ဆို၏။-ဟု ပါရှိသည်။
ထိုဘုန်းတော်ကြီး ဦးသီလ စကားတော်အတိုင်း မှတ်သားအပ်ပါသည်။
................................................................................................

၂။ ( မေး ) ( ရဟန်း နှင့် သံဃာ )
အရှင်ဘုရား၊ ရဟန်းနှင့် သံဃာ ကွာခြားမှု ရှိပါသလားဘုရား၊
အချို့က ရဟန်းသံဃာ-ဟု တွဲခေါ်ပါသည်၊
ရဟန်းခံပွဲဟုသာ ခေါ်ကြပြီး သံဃာခံပွဲ-ဟု မခေါ်ကြပါ၊
သံဃာတော်များအား ဆွမ်းခဲဘွယ်ဘောဇဉ် ပစ္စည်းဝတ္ထု လှူသည်ဟုသာ သုံးကြပါသည်၊ ရှင်းပြတော်မူပါဘုရား။
( တင်တင်ယု-ရွှေပြည်သာမြို့နယ် )

( ဖြေ )
ပုဂ္ဂိုလ်တပါးချင်းကို ရဟန်း-ဟုခေါ်၍ လေးပါးနှင့် လေးပါးမှအထက်ကို သံဃာ-ဟု ခေါ်ပါသည်။
သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု မှတ်သား၍ မြတ်စွာဘုရားလက်ထက်က
အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပမှစ၍
သာသနာ တလျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှားရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည်။

ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊ သံဃဿ ဒေမ-ဟု
ဆို၍ လှူလျှင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည်။ ယင်းသို့ သံဃာတော် အားလုံးကို အာရုံပြု၍ လှူရာ၌ ဒုဿီလ၊ အလဇ္ဇီ-ဟူ၍ မရှိတော့ပါ၊
ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်းပူဇော်တတ်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည်။
*********************************************
...................................................................................................................................

၃။ (မေး )
လူနှစ်ဦးတို့သည် ဤလူ့ပြည်က တပြိုင်နက်သေ၍ တဦးက ဗြဟ္မာ့ပြည့်၌ ဖြစ်၍
တဦးက ဤလူ့ပြည်၌ ဖြစ်ကြရာ အဘယ်သူက အလျင်ဖြစ်နိုင်ပသနည်း။

( ဖြေ )
မည်သည့်ဘ၀၌ပင်ဖြစ်စေ အဘိဓမ္မာအရ စုတိစိတ် နောင်-ပဋိသန္ဓေစိတ် ဖြစ်ရ၍ ဗြဟ္မာပြည်နှင့် ဤလူ့ပြည် နှစ်ရပ်၌ တပြိုင်နက်ပင် ပဋိသန္ဓေယူနိုင် ဖြစ်နိုင်ကြပါသည်။

ရှင်းလင်းချက်။ ။ ဤအကြောင်းကို ထင်ရှားရန် မိလိန္ဒပဥှာမှ လောကနှစ်ခု ဖြစ်ရမှု၌ တူမျှပုံ ပြဿနာကို ဖော်ပြပါမည်။

မိလိန္ဒမင်းသည် -အရှင်ဘုရား နာဂသေန ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊
ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ
ဤသူနှစ်ဦးတို့တွင် အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်ပါသနည်း-ဟု မေးလျှောက်သော်

မင်းမြတ်-ထိုသူနှစ်ယောက်တို့သည် အညီအမျှပင် အတူတူပင် ဖြစ်ပါ၏-ဟု မိန့်တော်မူ၏။

အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦးလော့
မင်းမြတ်၊ သင်သည် အဘယ်မြို့၌ မွေးဖွားပါသနည်း၊
အရှင်ဘုရား၊ ကလသိမည်သော ရွာ၌ မွေးဖွားပါသည်။

မင်းမြတ်၊ ၄င်းကလသိရွာသည် ဤသာဂလမြို့မှ အဘယ်မျှလောက် ဝေးကွာပါသနည်း။
အရှင်ဘုရား၊ ယူဇနာအားဖြင့် နှစ်ရာတိုင်တိုင် ဝေးကွာပါသည်။

မင်းမြတ်၊ ကသ္မီရတိုင်းသည် ဤသာဂလပြည်မှ အဘယ်မျှလောက် ဝေးကွာပါသနည်း၊
အရှင်ဘုရား၊ တဆယ့်နှစ်ယူဇနာ ဝေးကွာပါသည်။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင် မင်းမြတ်သည် ကလသိရွာကို ကြွစည်အောက်မေ့ပါလော့။
အရှင်ဘုရား၊ ကြံစည်အောက်မေ့၍ ပြီးပါပြီဘုရား။

မင်းမြတ်၊ တိုက်တွန်းပါ၏၊ သင်မင်းမြတ်သည် ကသ္မီရတိုင်းကို ကြံစည်အောက်မေ့ပါလော။
အရှင်ဘုရား၊ ကြံစည်အောက်မေ့၍ ပြီးပါပြီဘုရား။

မင်းမြတ်၊ အဘယ်အရပ်ကို ကြာမြင့်စွာ ကြံစည်အောက်မေ့ရသနည်း။
အဘယ်အရပ်ကို လျင်မြန်စွာ ကြံစည်အောက်မေ့ရသနည်း။
အရှင်ဘုရား၊ အညီအမျှပင် ကြံစည်အောက်မေ့ရပါသည်ဘုရား။

မင်းမြတ်၊ ဤအတူသာလျှင် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူ၊ ဤလူ့ပြည်၌ သေလွန်၍ ကသ္မီရတိုင်း၌ ဖြစ်သောသူ၊
ဤသူနှစ်ဦးတို့သည် အညီအမျှပင် (အတူတူပင်) ဖြစ်ကြရပါကုန်၏-ဟု ဖြေတော်မူလေ၏။

ဤအမေးအဖြေ၌ မိလိန္ဒမင်းက အချို့လူများ ယူဆသကဲ့သို့ သေသူ၏အသက်ဝိညာဉ်သည် ဤဘ၀က သေဆုံးပြီးလျှင်
မိမိပဋိသန္ဓေတွယ်နေရမည့် ဘ၀သို့ ရှာဖွေ၍ သွားနေရသည်၊ ဘ၀တခုနှင့်တခု အကြား၌ ၀ိညာဉ်သည် တွယ်စရာမရှိ၊ လွင့်ပါးသွားလာနေရသေးသည်
-ဟု ယူဆ၍ မေးခြင်းဖြစ်သည်။

အရှင်နာဂသေန-က အဘဓမ္မာအရ စုတိစိတ် အဆုံးသတ်ချုပ်လျှင် (သေဆုံးလျှင်) ထိုစုတိစိတ်၏ အခြားမဲ့၌သာလျှင်
ပဋိသန္ဓေစိတ် ဆက်ဖြစ်သည်။ မည်သည့်ဘ၀ မည်မျှလောက် ဝေးသည့် ဘုံသို့ပင် ဖြစ်ရမည် ဖြစ်စေ၊ သာဂလနေပြည်တော်မှ ကလသိရွာကို စိတ်ကူး၍ ချက်ချင်းထင်မြင်ရသလိုပင်
စိတ်မြန်သလောက် အမြန်ပင် ဖြစ်ရကြောင်း ဥပမာပြ၍ ဖြေဆိုတော်မူလေသည်။

ဤအမေးအဖြေကို ထောက်ဆ၍ သေလွန်သူသည် ဘ၀တခုသို့ မရောက်မီ ကြားဘ၀တခုရှိနေသေးသည်၊ ခုနှစ်ရက်ခန့် လွင့်ပါးနေရသေးသည်၊
အိမ်အနီးမှာပင် စောင့်ဆိုင်းနေရသေးသည်၊ ထိုအခိုက်တွင် တန်ခိုးရှင်တို့ကဲ့သို့ အရာခပ်သိမ်းကို မြင်နိုင်သည်။
မိမိအလောင်းအနီး၌ ဆွေမျိုးတို့ ငိုနေသည်ကိုပင် တွေ့နေရသည်၊ လိုရာအရပ်သို့ ခဏချင်း သွားရောက်နိုင်သည်ဟူသော
ဝိညာဉ်ဝါဒ ရှိသူတို့၏ အယူကို ပယ်ဖျောက်နိုင်ပေတော့သည်။
********************************************************************************

၎။ ( မေး ) ၀ိဓူရဇာတ်လာ ပုဏ္ဏက-၏ သိန္ဓောမြင်းသည် လူ့စိတ်ထက် မြန်သည်-ဟု ဆိုပါသည်၊ နတ်မြင်းဖြစ်သော်လည်း လူ့စိတ် မြန်သည်ထက် ပို၍ မြန်နိုင်ပါမည်လော။

( ဖြေ )
နတ်က ဖန်ဆင်းထာေးသာ မြင်းဖြစ်၍ လူ့စိတ်ထက်မြန်အောင် သွားနိုင်သည်ဆိုသည်မှာ မှန်ပါသည်။

ရှင်းလင်းချက်။ ။ နတ်ပြည်၌ တိရစ္ဆာန်မရှိ၊
သိကြားမင်း၏ ဧရာဝဏ်ဆင်၊
မာရ်နတ်၏ မဏိမေခလာဆင်၊
ဝေဇယန္တာရထား၌ ကထားကြသော သိန္ဓောမြင်း၊
ပုဏ္ဏက-၏ မနောမယ သိန္ဓောမြင်းတို့မှာ နတ်သားများဖြစ်ကြသည်။
ဆိုင်ရာနတ်မင်းများ ဆင်မြင်းတို့နှင့် သွားလာရန်ကိစ္စပေါ်မှ ဆင်၊ မြင်း သဏ္ဍာန် ဖန်ဆင်းကြခြင်း ဖြစ်လေသည်။
၎င်းနတ်ဆင် နတ်မြင်းတို့ သွားကြသည် ဆိုရာမှာလည်း ပကတိခြေဖြင့် သွားကြသည်မဟုတ်၊ စိတ်ဖြင့်သွား၍ စိတ်မြန်သလောက် မြန်စွာရောက်ကြသည်။

ဤ၌ စိတ်သွားသည် ဆိုရာမှာလည်း တင်စား၍ဆိုခြင်းပင် ဖြစ်သည်၊ စိတ်က သွားသည်မဟုတ်၊ အဝေး၌ရှိသော အာရုံကို ယူခြင်း၊
တွေးဆခြင်း၊ တွေးဆတိုင်း စိတ်ကရောက်ခြင်းကိုပင် စိတ်သွားသည်-ဟု ဆိုရပါသည်။

ပုဏ္ဏက-နတ်မြင်းမှာ မနောမယ သိန္ဓ၀မြင်းဟု ဆိုပေရာ စိတ်ဖြင့်ပြီးသော သိန္ဓောမြင်းဟု ဆိုသဖြင့် လူ့စိတ်ထက်
အဆများစွာမြန်သော နတ်တို့စိတ်ဖြင့်သွား၍ သိန္ဓောမြင်း ဖြစ်လျက် လူ့စိတ်ထက် မြန်သည်-ဟု ဆိုရခြင်း ဖြစ်ပါသည်။
*********************************************************************************

၅။ ( မေး ) ကြယ် လ နက္ခတ်များ စုံချိန်တွင် ကောင်းကင်ကို ကြည့်ရာ ကြယ် လ နက္ခတ် အများအပြားကို မြင်ရာ၌ တပြိုင်နက်ပင် မြင်လေသလော၊ တခုပြီးတခု မြင်လေသလော။

( ဖြေ )
တခုပြီးမှ တခုကို မြင်ခြင်းဖြစ်သည်။
စိတ် အဖြစ်-အချုပ် မြန်သဖြင့် တပြိုင်နက် မြင်သည်-ဟု ထင်ရပါသည်။

ရှင်းလင်းချက်။ ။ အဘိဓမ္မာသဘောအရ စက္ခုပသာဒ (မျက်စိ) က အဆင်းအာရုံ တခုခုကို ကြည့်ရှုလျှင်
ဦးစွာ စက္ခုဒွါရ၀ီထိကျ၍ ဘ၀င်စိတ်များ ထိုက်သင့်သရွေ့ ဖြစ်ပြီး မနောဒွါရ၀ီထိများ လေးဝီထိမျှ ဘ၀င်ခြား၍ ဖြစ်ပြီးမှ
မိမိကြည့်ရှုသော ရုပါရုံတခု (ကြယ်တလုံး) ကို သိမြင်နိုင်သည်။

ထိုဝီထိများ ချုပ်ပြီးနောက်မှ နောက်ထပ် ကြယ်တလုံးအတွက် ရှေးနည်းတူ ၀ီထိများဖြစ်ရသည်။
စိတ်၏ ဖြစ်မှု ချုပ်မှုမှာ လျင်မြန်လွန်းလှသည်၊ ကြယ်-တလုံးပြီးမှ တလုံး မြင်ရသည်ကို တပြိုင်နက် တချက်တည်း မြင်သကဲ့သို့ ထင်ရလေသည်။

မျက်စိတမှိတ် လျှပ်တပြက် အချိန်အတွင်း၌ စိတ် စေတသိက် နာမ်တရားများ ကုဋေတသိန်းမက ဖြစ်ပျက်နေကြသည်ကို
သတိပြု၍ အထက်ဖော်ပြပါ သဘောတရားများကို သဘောကျနိုင်စရာ ရှိပေသည်။

...............................................................................................................................................
၆။( မေး ) ( ၀ိပါက်အမှန် ဇောအပြန် )
ဆရာတော်ဘုရား ၀ိပါက်မှာ အမှန်-ဇောမှာအပြန်-ဟူသော စကားကို ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( လင်းထိုက်-လမ်းမတော် ရန်ကုန် )

( ဖြေ )
အဘိဓမ္မာသဘောအရ အလွန်လိုအပ်သော ဘုရားအစရှိသော အာရုံတို့ကို မြင်ရခြင်းသည် ကုသလ၀ိပါက်
( ကုသိုလ်၏ အကျိုးတရား ) ပင် ဖြစ်သည်။
သူတော်ကောင်းတို့အဖို့ ထိုဘုရား အစရှိသော အာရုံတို့ကို မြင်ရလျှင် မဟာကုသိုလ် သောမနဿဇောများ ဖြစ်ပွားကြသည
်။ ၄င်းမှာ ၀ိပါက်အမှန် ဇောအမှန်ပင် ဖြစ်လေသည်။

သို့သော် မိစ္ဆာဒိဋ္ဌိအယူရှိသူတို့အဖို့ကား ကုသိုလ်အကျိုးကြောင့် တွေ့ကြုံဖူးတွေ့ရသော မြတ်စွာဘုရား၏ အဆင်းသဏ္ဍာန်၌

ကုသိုလ်ဇော မစောနိုင်ဘဲ အကုသိုလ် ဒေါသဇောများ စောရလေသည်။ ၄င်းမှာ ၀ိပါက်အမှန် ဇောအပြန်-ဖြစ်ခြင်းပင်တည်း။

မစင်ပုပ် စသော မကောင်းသောအာရုံကို တွေ့ကြုံရခြင်းမှာ အကုသလ၀ိပါက်ဖြစ်၍ အကုသိုလ် ဒေါသဇော စောရမည်ဖြစ်သော်လည်း
ခွေးတို့အဖို့ကား နှစ်သက်ဝမ်းသာ သာယာမက်မော သောမနဿဇော ဖြစ်လေရာ ယင်းမှာလည်း ၀ိပါက်အမှန် ဇောအပြန်-ဖြစ်ခြင်းတမျိုးပင်။
...................................................................................

၇။ ( မေး ) ( သိမ်ဝင် စိပ်ပုတီး )
အရှင်ဘုရား၊ ရိုးရိုး ပုတီတကုံးထက် သိမ်ဝင်ထားတဲ့ ပုတီးက ဘာအကျိုးကျေးဇူးတွေ ပိုပါသလဲဘုရား။
ဘာအတွက် ကောင်းပါသလဲ ဘုရား။
( မသန္တာဦး-ပုဏ္ဏားကုန်းတောင်ပိုင်း၊ တာမွေ-ရန်ကုန် )

( ဖြေ )
သိမ်ဝင် ပုတီး၊ သိမ်ဝင် အပ်၊ သိမ်ဝင် သပိတ်ကွဲ စသည်တို့မှာ အထက်ဂိုဏ်းဆရာတို့၏ အသုံးအနှုန်းများသာ ဖြစ်ပါသည်။
သိမ်ဝင်ပုတီးဖြင့် ပယောဂပူးဝင်နေသော လူနာအား စွပ်ပေးခြင်း၊ သိမ်ဝင်အပ်ဖြင့် နတ်ရဲ သစ်ပင်အား စိုက်ခြင်း၊ သိမ်ဝင်
သပိတ်ကွဲ၌ အင်းချ၍ မြှုပ်ခြင်းတို့မှာ ယင်းဂိုဏ်းဆရာတို့၏ အလုပ်အဆောင်များဖြစ်ကြောင်း ကြားသိရဖူးပါသည်။

သာသနာဆိုင်ရာကိစ္စများ၌ သိမ်ဝင်ပုတီးစသည် မလိုအပ်ပါ၊ သိက္ခာကာမ သီလ၀န္တ လဇ္ဇီပေသလ ဆရာတော်ကြီးများကလည်း
ဥပသမ္ပဒ ကံဆောင်ရာ၌ ပုတီးများထည့်ခြင်းတို့ကို အားပေးလေ့မရှိပါ၊ ဒါယကာတို့အလိုအားလျော်စွာ မဆန့်ကျင် လိုက်လျောသည့်သဘောဖြင့်
တားမြစ်ခြင်းမပြုဘဲသာ နေကြပါသည်၊ ဂုဏ်တော်ပုတီးစိပ်ရာ၌ သိမ်ဝင်ပုတီးဖြစ်၍လည်း မည်သို့မှ အကျိုးကျေးဇူး ပိုမိုလာမည်မဟုတ်၊
ရိုးရိုးပုတီးပင် ဖြစ်လင့်ကစား ဘုရား တရား သံဃာ ရတနာသုံးပါး ဂုဏ်တော်၌ သမာဓိရအောင် ပွားများနိုင်လျှင် အကျိုးထူးလှပါသည်။
......................................................................

၈။ ( မေး ) ( ရဟန်းဒါယိကာမနှင့် အသက်အရွယ် )
ဆရာတော်ဘုရား လာမည့်နှစ်တွင် ကိုရင်တပါးနှင့် မောင်လေးများကို ရဟန်းခံပေးခင်ပါသည်၊
ယခု တပည့်တော်မ အသက်မှာ ၂၈-နှစ်ပါ။ ၄၅-နှစ်မပြည့်လျှင် ရဟန်းအမ မလုပ်ရဘူး-ဟု ပြောကြပါသည်၊
အဲဒါ- ဟုတ်ပါသလား၊ တပည့်တော်မ ရဟန်းဒါယိကာမ သိပ်ဖြစ်ချင်ပါတယ်၊ ကျေးဇူးပြု၍ အမြန်ဖြေကြားပေးပါဘုရား။
( မနီနီအေး-ရွှေငါးကိတ်မုန့်တိုက်၊ ကန်ဦးရပ်-ကျောက်ဆည် )

( ဖြေ )
မည်သည့်အသက်အရွယ် ရောက်မှ ရဟန်းဒါယိကာမ၊ ကျောင်း-ဘုရား ဒါယိကာမ ဖြစ်ရမည်ဟု စာပေအထောက်အထားမရှိပါ။
ရှေးဘုရင်များသည် ပထမကျော် သာမဏေများ၊ စာပေတတ်ကျွမ်းသော ရဟန်းတော်များကို သမီးတော်လေး များအား
ဒါယိကာမပြု၍ ရဟန်းခံစေ သိမ်ထပ်စေပါသည်။ ကျောင်းဆောက် လှူဒါန်းစေပါသည်၊
သာယာဝတီမင်း၏ သမီးတော်ကြီး ( နောင်-မင်းတုန်းမင်း၏ မိဖုရားကြီး ) စကြာဒေ၀ီ၊ မင်းတုန်းမင်း၏ ပင်တိုင်စံ သမီးတော် စလင်း မင်းသမီးတို့သည်
မင်းသမီးငယ်ကလေး ဘ၀ကပင် ခမည်းတော်များက ချီးမြှောက်၍ ရဟန်းဒါယိကာမများ ဖြစ်ခဲ့ကြသည်။

သီပေါမင်း၏ မိဖုရား စုဖုရားလတ်သည်လည်း မင်းသမီးငယ်ဘ၀ကပင် ရဟန်းအမ ကျောင်းအမ ဖြစ်ခဲ့ပါသည်။
ဤကဲ့သို့ ငယ်စဉ်ကပင် သာသနာတော်ကို ချီးမြှောက်လိုစိတ် ပေါ်ပေါက်သည်မှာ ရှေးရှေးဘ၀များစွာက အထုံပါရမီ ပါခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
အကောင်းအထည်ပေါ်အောင် ကြိုးစားင သာသနာ့မိခင်တဦး ဖြစ်လာပါစေဟု တိုက်တွန်းအပ်ပါသည်။
..................................................................................(
၉။ ( မေး ) ( အလှူခံနှင့် အဖိုးအခ )
အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာတွေမှာ ဘုရားအတွက်၊ ကျောင်းအတွက်၊ ကထိန်အတွက် ဆိုပြီး အလှူခံဌာနတွေ ပြုလုပ်ကာ
အပြောအဟောကောင်းစွာဖြင့် အလှူခံနေကြတာကို တွေ့ရပါသည်။
အချို့အလှူခံဌာနများမှာ ဟောပြော၍ အလှူခံပေးသူအား အလှူခံ၍ ရရှိသည့် ငွေထဲမှ ရာခိုင်နှုန်းဖြင့် ပေးရသည်-ဟုသိရပါသည်၊
ဘုရား ကျောင်း ကထိန်အတွက် ရည်ရွယ်ပြီး လှူဒါန်းထားသော ငွေထဲမှ ထိုသို့ဖြတ်ယူ သုံးစွဲခြင်းသည် အပြစ်ရှိပါသလား။
အပြစ်ရှိလျှင် အတိမ်အနက် ဖော်ပြပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။
( ဦးတင်အုန်း-မင်းဒင်လမ်း၊ သုဝဏ္ဏ )

( ဖြေ )
စေတနာ့ဝန်ထမ်း နိဗ္ဗာန်ဆော်များ ရှိသကဲ့သို့ အခစားနိဗ္ဗာန်ဆော်များလည်း ရှေးရှေးကပင် ရှိခဲ့ပါသည်။
မူလကပင် ဤရွေ့ဤမျှယူရန် အခကြေးငွေ နေ့တွက်ဖြင့်ဖြစ်စေ ရာခိုင်နှုန်းအနေဖြင့် ဖြစ်စေ ဖြတ်ထားပြီး
ထိုအတိုင်း မှန်ကန်စွာ ယူသူတို့အဖို့ အပြစ်ရှိဖွယ် မမြင်ပါ။
စေတီတဆူ တည်ဆောက်ရာ၊ ကျောင်းတဆောင် ဆောက်လုပ်ရာတို့၌ ကုန်ကျစရိတ်တွင် ပန်းရန်ခ၊ လက်သမားခ များလည်း
အပါအ၀င်ဖြစ်သကဲ့သို့ အလှူခံ၍ ရသောငွေကြေးတွင်လည်း အခစား နိဗ္ဗာန်ဆော်တို့အတွက် အဖိုးအခလည်း ပါရမည်သာ ဖြစ်ပါသည်။
၎င်းတို့၏ အပြောအဟော လုပ်အားခမှာလည်း ဘုရား ကျောင်းကန် တည်ဆောက်ရာ၌ ပန်းရန်ခ၊ လက်သမားခတို့နှင့် အလားတူပင် ယူဆနိုင်ပါသည်။
********************************************************************************

၁၀။ ( မေး ) ( စုဆောင်းခြင်း )
အရှင်ဘုရား၊ တပည့်တော်မသည်၊ အိမ်ထောင်ရှင်တဦးဖြစ်၍ မိမိခင်ပွန်းဖြစ်သူ၏ ၀င်ငွေထဲမှ ခင်ပွန်းဖြစ်သူအား အသိမပေးဘဲ
နောင်ရေးအတွက် မြော်မြင်၍ သီးသန့် ဖယ်ရှားစုဆောင်းထားကာ လက်ဝတ်ရတနာအချို့ ပြုလုပ်ထားပါသည်။ အရေးကြုံလျှင်
ထုခွဲသုံးစွဲရန် ရည်ရွယ်ပါသည်။
သို့သော် ခင်ပွန်းဖြစ်သူကို အသိမပေးဘဲ ထားသဖြင့် အဒိန္နာဒါနကံ ကျူးလွန်ရာ ရောက်နေမည်လား-ဟု သံသယဖြစ်မိပါသည်။
ထို့ပြင် စုဆောင်းထားသော ငွေပိုငွေလျှံများမှ လှူဒါန်းခြင်း၊ မိဘ ဆွေမျိုးများအား ထောက်ပံ့ခြင်း၊ မရှိနွမ်းပါးသူအား ပေးကမ်းခြင်းလည်း ပြုလုပ်ပါသည
မိမိလိုအပ်သော အ၀တ်အစား အသုံးအဆောင်များလည်း ၀ယ်ပါသည်။ ထိုကိစ္စများကို ခင်ပွန်းသည်အား အသိမပေး၍
တပည့်တော်မမှာ အဒိန္နာဒါနကံ ထိုက်မထိုက် သိလိုပါသည်ဘုရား။
( ခင်ခင်ချို-မန္တလေး )

( ဖြေ )
အိမ်ထောင်ရှင် ယောက်ျားတဦး၏ ရှာဖွေရရှိသော ၀င်ငွေမှာ ဇနီးမောင်နှံနှစ်ဦး ပိုင်ဆိုင်သော ပစ္စည်းပင်ဖြစ်သည်၊ ၄င်းပစ္စည်းကို ဇနီးဖြစ်သူက
ဖြုန်းတီးမှုမျိုး မဟုတ်ဘဲ တရားသဖြင့် သုံးစွဲလျှင် အပြစ်မရှိပါ။

ထို့ပြင် ဇနီးမယား၏ ၀တ္တရား ငါးပါးမှာ
( အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ အိမ်သူကျင်အပ်စွာ )ဟု လာရှိပါသည်။
ရှိတော့ တန်ဆာ, မရှိတော့ ၀မ်းစာ-ရည်ရွယ်ကာ လက်ဝတ်လက်စား လုပ်ထားခြင်းမှာ သုသံဝိဟိတကမ္မန္တ-ဟူသော သိင်္ဂါလသုတ်ပါဠိတော်လာ
ဖော်ပြပါလင်္ကာ သိမ်းထုတ်သေချာအရ ဇနီးမယားဝတ္တရားနှင့် အညီပင် ဖြစ်ပေသည်။

ထို့ပြင် မိဘဆွေမျိုးများအား ထောက်ပံ့ခြင်းစသည်မှာလည်း ( သင်္ဂဟိတ ပရိဇနာ )ပါဠိတော်လာ လျော်အောင်ဖြန့်ချိခြင်းပင်ဖြစ်၍
ဝတ္တရားအရပင် ညီညွတ်လျက် ရှိပြန်သည်။ ထို့ကြောင့် ပြဿနာရှင်၏ ပြုမူဆောင်ရွက်မှုမှာ အဒိန္နာဒါနကံ မထိုက်သည့်ပြင်
စိတ်ထားတတ်က မြတ်, ဟူသော စကားအတိုင်း ကုသိုလ်ပင်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
............................................................................................................

၁၁။ ( မေး ) ( ၀ိညာဉ် )
ဆရာတော်ဘုရား ဗုဒ္ဓဘာသာအရ ဘ၀ကူးဝိညာဉ် မရှိကြောင်း မှတ်ယူရပါသည်ဘုရား။
ခန္ဓာငါးပါး၌ ၀ိညာဏက္ခန္ဓာ-သိမှုဝိညာဉ်အစု-ဟု၎င်း။
နာမ်တရားကို ၀ိညာဉ်ဟု၎င်း မှတ်သိရပါသည်ဘုရား။
သို့သော်လည်း ပဋိစ္စသမုပ္ပါဒ်အရ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ-ဟု ပါရှိပါသည်။
ပဋိစ္စသမုပ္ပါဒ်အရ ၀ိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ရသည်ကို မရှင်းပါသဖြင့် ဆရာတော်ဘုရားမှ ရှင်းပြပေးပါရန် ရိုသေလေးစားစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။
( မောင်အောင်မင်း-သန်လျင်မြို့ )

( ဖြေ )
ခန္ဓာငါးပါး၌ ပါရှိသော ၀ိညာဉ်မှာ သူ့ချည်းသက်သက် တည်ရှိနေသည် မဟုတ်။ ရုပ် ဝေဒနာ သညာ သင်္ခါရတို့နှင့် အတူ တည်ရှိနေသည်-ဟု ဆိုရပါမည်။

ဝိညာဉ်-ဟုခေါ်ဆိုရသော အသိစိတ်သည် ဆိုင်ရာဝတ္ထုရုပ်၌သာ တည်နေရသည်။
စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်သည် စက္ခုဝတ္ထုခေါ် မိမိမှီရာ ၀တ္ထုရုပ်၌ မှီရပေသည်။
ထို့အတူ သောတ၀ိညာဉ်စသည် ကြားသိစိတ် စသည်တို့သည်လည်း သောတ၀တ္ထု စသည်တို့၌သာ မှီကြရကုန်မြဲတည်း။

ပဋိစ္စသမုပ္ပါဒ်အရ ၀ိညာဏပစ္စယာ နာမရူပံ-ဟူသည်မှာလည်း ၀ိညာဉ်က ဘ၀ကူးသွားပြီး နာမ်ရုပ် ဖြစ်စေသည်မဟုတ်၊
ဝိညာဉ်ဟုဆိုရသော စိတ်တခုယုတ် ၉၀-( ၈၉) က နာမ်ရုပ်ဟုဆိုသော စေတသိက် ၅၂-ပါး၊ ရုပ် ၂၈-ပါးတို့ကို
အကြောင်းအားလျော်စွာ ဖြစ်စေခြင်းကိုသာ ဆိုပါသည်။
( မီးတွင်ရှိန်ဝါ ထက်ကြပ်ပါသို့ )ဟူသော စကားအတိုင်း မီးဟုဖြစ်ပေါ်လာလျှင် ထိုမီး၏ အရှိန်အ၀ါသည်လည်း အတူတကွပါလာသည်။
အလားတူ ၀ိညာဉ် ၆-ပါး ဖြစ်ပွားလာလျှင် ထိုဝိညာဉ်တို့၏ အစွမ်းသတ္တိကြောင့် စေတသိက်ခေါ်သော နာမ်တရားများ၊
မဟာဘုတ်ကြီးလေးပါးနှင့် ဥပါဒါရုပ် ၂၄-ပါးတည်းဟူသော ရုပ်တရားများ ထင်ရှားဖြစ်ပေါ်လာမြဲပင် ဖြစ်လေသည်။
..............................................................................................................................................

.၁၂။ ( မေး ) ( ဘုရားကိုးဆူ )
ဘုရားကိုးဆူ သမိုင်းကြောင်းနှင့် ဘုရားကိုးဆူ နေရာချထားပုံ၊
ရွတ်ဖတ်မှုကို ရဟန်းတော်များ မလုပ်ဘဲ လူများလုပ်ခြင်းနှင့် နေ့မလုပ်ဘဲ ညလုပ်ရပုံများ သိလိုပါသည်ဘုရား။
( ထွေးလင်းထွဋ်-အင်းစိန် ) ( ထိုက်ထိုက်-တံတားဦး ) ( ၀င်းနိုင်ဦး-သံကုန်း )

( ဖြေ )
သက္ကရာဇ် ၉၂၀-ကျော် ဘုရင့်နောင်မင်းကြီး လက်ထက် ဇင်းမယ်ပြည်မှ နတ်ကြီး ၉-ပါး ပူဇော်ပွဲကို ဘုရင့်နောင်မင်းတရားကြီး သားတော် ဇင်းမယ်စား နော်ရထာစောက သာသနာပြုဆရာတော်များနှင့် တိုင်ပင်၍ ဓမ္မပဒ၊ အာယုဝဍ္ဎန သတို့သား ၀တ္ထုအရ ဘုရားကိုးဆူ ပူဇော်မှုကို စီရင်ခဲ့သည်-ဟု သမိုင်းများက ဆိုပါသည်။

အလယ်ဗဟိုမှာ မြတ်စွာဘုရား သီတင်းသုံး၍
လက်ယာဘက် တောင်အရပ်မှ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊
လက်ဝဲဘက် မြောက်အရပ်မှ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလ္လာန်၊
အရှေ့တော် အရှေ့အရပ်မှ သက်တော်အကြီးဆုံး အရှင်ကောဏ္ဍည၊
နောက်တော် အနောက်အရပ်မှ နောက်တော်ပါ အလုပ်အကျွေး အရှင်အာနန္ဒာ၊
( ဤလေးပါးကို လောကုတ္တရာနည်းအရ နေရာချထား၏ )

တနင်္ဂနွေထောင့်မှာ ဂြိုဟ်သက်အငယ်ဆုံးဖြစ်၍ သက်တော်အငယ်ဆုံး အရှင်ရာဟုလာ၊
အင်္ဂါထောင့် အရှင်သာရိပုတ္တရာ အနီး၌ ၄င်း၏ညီအငယ် အရှင်ရေ၀တ၊
စနေထောင့်၌ စနေနံသည် တရားသူကြီးဂြိုဟ်ဖြစ်၍ ၀ိနယဓရ အရှင်ဥပါလိ၊
ရာဟုထောင့်၌ ပသု-ဟူသော ရာဟုဂြိုဟ်၏ ပရိယာယ်အရ ( ပသု-နွားလားတို့၏၊ ပတိ-အရှင်ဖြစ်သော ) အရှင်ဂ၀ံပတိ၊
( ဤလေးပါးကို လောကီနည်းအရ နေရာချထား၏ )
ဤသို့ ရဟန္တာ ၈-ပါးကို နေရာချထားပေးသည်။

ဘုရားကိုးဆူ ပူဇော်ရာ၌ နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူရမည်ဖြစ်၍ ညပိုင်းတွင် ပြင်ဆင်ပင့်ဆောင်ထားရသည်၊
ဘုရားကိုးဆူ ဒါယကာက ဧည့်သည်များကို ညတွင်ဖိတ်ကြားကာ ဘုရားဖူးစေသဖြင့် ညမှာ ကျင်းပသကဲ့သို့ ဖြစ်နေသည်။
ထို့ပြင် ညပိုင်းတွင် ဘုရားပင့်ခြင်း၊ ရွတ်ဆိုခြင်းတို့မှာ လူတို့အလုပ်ဖြစ်၍ ရဟန်းတော်များနှင့် မသက်ဆိုင်ဘဲလည်း ဖြစ်နေပေသည်။

ဘုရားကိုးဆူ ပူဇော်မှုကို အိမ်ရှင်များက ကျန်းမာ ချမ်းသာ အသက်ရှည်စွာနှင့် ဘေးအန္တရာယ် ကင်းကွာ၍
ကျက်သရေမင်္ဂလာ တိုးတက်ရန် ပြုလုပ်လေ့ရှိကြပါသည်၊ ထိုကိစ္စအားလျော်စွာ အိမ်ရှင်တို့ကိုယ်တိုင်
အိမ်၌ ဘုရားကိုးဆူ ပူဇော်ထားစဉ် ဘုရားရှိခိုးခြင်း၊ ရွတ်ဆိုဆုတောင်းခြင်း၊ ဆွမ်းဘောဇဉ်ဆက်ကပ်ခြင်းတို့ကို
ဘိသိက်ဆရာကို လွှဲမထားဘဲ ကိုယ်တိုင်ပြုလုပ်မှသာ အဓိပ္ပါယ်ပြည့်ဝစရာ ရှိပေသည်။
.......................................

၁၃။ မေး ....( ၀ဋ်ကြွေးကျေအောင် )
ယခင်ဘ၀များက ၀ဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့သို့ ပေးဆပ်ရမည်ကို
အကျယ်တ၀င့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
( မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန် )

( ဖြေ )
ဝဋ်ကြွေးဟူသည်မှာ မိမိပြုခဲ့သော မကောင်းမှုများမှ ငရဲစသော ပဋိသန္ဓေကျိုးပေးပြီးနောက် အကျိုးဆက်အနေဖြင့် ကျန်ရှိနေသော ကံကြွင်းဖြစ်သည်။
ထိုကံကြွင်းကြောင့် ဤဘ၀ ပ၀တ္တိအခါတွင် ခံစားရသော ဘေးဒုက္ခများပင် ဖြစ်သည်၊
ဥပမာ-သူတဦးတယောက်ကို ဓားဖြင့်ခုတ်သတ်ခဲ့၍ ငရဲ၌ ကျရောက် ခံစားရသည်၊
ငရဲမှလွတ်ကာ တိရစ္ဆာန် စသည်ဖြစ်ရာ ဓားခုတ်ခံရ၍ သေခြင်း၊ လူ့ဘ၀ရောက်သည့်တိုင်အောင် ဓားလက်နက်ဖြင့် ထိပါး၍ သေရခြင်း
စသည်ဖြင့် ၀ဋ်ကြွေးများကို ခံစားရတတ်ပါသည်။

သူ့အသက်ကိုသတ်ရာ၌ အသတ်ခံရသူ မသေ၍ ကမ္မပထ မမြောက်သဖြင့် ငရဲ၌ မခံရသည့်တိုင်အောင်
သေလောက်သည့်လက်နက် တမျိုးမျိုး ထိခိုက်ရှနာခြင်း-စသော ၀ဋ်ကြွေးများလည်း ရှိတတ်ပါသည်၊ ယင်းဝဋ်ကြွေးအန္တရာယ်မှ ကင်းလွတ်ရန်၊
သို့မဟုတ် သက်သာရန် မြတ်စွာဘုရားထံ၌ ပေးဆပ်ရန်မလို၊ ကုသိုလ်ကောင်းမှုများကို အဆက်မပြတ် ပြုလုပ်ရန်သာ လိုပါသည်၊

အကုသိုလ်အန္တရာယ်များ ကြားဖြတ် မ၀င်နိုင်ရန် သရဏဂုံသီလကို မပျက်အောင် ကျိုးပေါက်ပြောက်ကျား မရှိအောင် စောင့်ရှောက် ထိန်းသိမ်းခြင်း၊
အမြဲတမ်း ဘုရားရှိခိုး၍ ပရိတ်မေတ္တာ ဘာဝနာတို့ကို ပွားများ၍နေခြင်း၊ သမထ ၀ိပဿနာတို့ကို သင့်လျော်သလို အားထုတ်ခြင်း၊
ဒါနကုသိုလ်ကို သင့်လျော်သလို ပြုလုပ်ခြင်း၊ စသည်ဖြင့် ကုသိုလ်တရားဖြင့် ထုံမွမ်းနိုင်ရန်၊ ကုသိုလ်ကံ စေတနာ အားသေးမသွားရန် အရေးကြီးပါသည်၊

အဘယ့်ကြောင့်ဆိုသော် ၀ဋ်ကြွေးအန္တရာယ်တို့မှာ ကုသိုလ်ကံ အားနည်းချိန်တွင် ၀င်ရောက်တတ်သော ကြောင့်ပင် ဖြစ်ပါသည်။
http://dhammasara.multiply.com
.

အပြည့်အစုံသို့